ထွဋ်ခေါင်အတန်းဆင်းဆင်းချင်း ဗိုက်နာလို့ အိမ်သာပြေးသွားသောကြောင့် သက္ကရာဇ်ကိုတောင် စကား ပြောချိန်မရလိုက်ပေ။ အခုလည်း သူအိမ်သာက ပြန်လာတော့ သက္ကရာဇ်တစ်ယောက်ကို မတွေ့တော့သဖြင့် ရှာပုံတော်ဖွင့်နေတော့သည်။
"ခွေးကောင်လေး ငါအိမ်သာသွားတုန်းခဏကို ဘယ်သဝေထိုးနေပြီလဲ မသိဘူး"
အခန်းထဲသွားရှာတော့လည်း နေလင်းကိုပဲတွေ့တာကြောင့် သူ့ကိုပဲမေးလိုက်ရသည်။
"နေလင်း သက္ကရာဇ်ကို တွေ့မိသေးလား"
"ငါအခန်းထဲ၀င်လာတော့ သူအပြင်ထွက်ဖို့လုပ်နေတာပဲ....... အဲ့တာနဲ့ငါလည်း ဘယ်သွားမလို့လဲလို့မေးလိုက်တော့ ၀န်ထမ်းအိမ်ရာဘက်လို့ ပြောပြီး ထွက်သွားတာပဲ"
"ဒီကောင်ကတော့ အခန်းထဲကပ်မယ်ဆိုတာကို မရှိဘူး အချိန်ပြည့်လျှောက်သွားချင်နေတာ"
"မင်းကတော့လေ မိန်းမကြီးကျနေတာပဲကွာ သူ့သူဘယ်သွားသွားပေါ့ကွ အချိန်တန်ရင် ပြန်လာမှာပေါ့ကွ"
"ဟ.... ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက်ရအောင် ငါ့ရင်ခွင်မဟုတ်ဘူးကွ အဆောင်ကွ အဆောင်"
"အော် လဒရယ် အရေးထဲ ကြော်ငြာ၀င်နေသေးတယ်"
"မသိဘူးကွာ သွားရှာလိုက်အုန်းမယ်"
"ကြွ ကြွ"
ထွဋ်ခေါင် ကျောင်းတံခါးပေါက်၀ရောက်တော့ ဂျူတီစောင့်နေတဲ့အလုပ်သမားအကိုကြီးနှစ်ယောက်ကိုတွေ့တော့ မသိသလိုနဲ့ ပြန်လှည့်လာခဲ့သည်။
"ဒီကောင် အနောက်ဘက် အုတ်နံရံပေါ်ကနေ ကျော်ခွပြီးပြေးတာဖြစ်ရမယ်"
"ဟိတ် ဘယ်သွားမှာလဲ"
အုတ်နံရံကို ကျော်ခွမို့လုပ်တုန်း အနောက်ကနေအသံကြားလို့ လှမ်းကြည့်လိုက်တော့ လူငယ်တစ်ယောက်။ ကြည့်ရတာ ကျောင်းသားထင်တယ်။
"ကျွန်တော့်ဘာသာဘယ်သွားသွား ခများစောက်ပူပါလို့လား"
YOU ARE READING
My dear male nurse (Complete)
Fantasíaဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙