သင်တန်းကျောင်းအနီးနားက စိန်ပန်းပြာပင်ရဲ့အောက်မှာ ဂိမ်းဆော့နေကြတဲ့ ကောင်လေးသုံးယောက်။ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် သက္ကရာဇ်တို့ အပြည့်အဝအနားယူနေကြတာဖြစ်သည်။
ဂွက်....ဂွက်.......
"သက္ကရာဇ်ရေ...ဖားအော်သံကြားတယ် ဘယ်နားမှာလဲ မသိဘူး။ ငါဖားကြောက်တယ်နော်...''
လပြည့်အလန့်တကြားနဲ့ ထအော်ပြီး သက္ကရာဇ်ကို လှမ်းဖက်တော့ ထွဋ်ခေါင်က ဂိမ်းဆော့နေရင်းနဲ့ ဆဲလိုက်သည်။
"သူတောင်းဇား! ဒီရာသီ ဖားကရှိမလားဟ။ ဟိုကောင်က သူ့ဖုန်းထဲက message အသံကို ဖားအော်သံထည့်ထားတာ''
"ဟုတ်လား သက္ကရာဇ် ''
"အင်းဟုတ်တယ် ''
"အဲ့ကောင်က ဖားအော်သံအပြင် Ringtone အသံ
တောင် ပုဂံခေတ်က တီးလုံးကြီးနဲ့ထည့်ထားတာ''"ဟင်... မင်းအကြိုက်ကလည်း အဆန်းပါလားကွာ''
"ဟားဟား....ဟုတ်တယ် လပြည့်ရေ။ Ringtone အသံက Fic ထဲက ''မဟာ'' ကိုကြိုက်လို့ ပြောင်းထားတာ။ ဖားအသံကတော့ ဒီအတိုင်းကြိုက်တာ...မင်းလည်းဖားအသံနဲ့ ပြောင်းမလား''
"ဟင့်အင်း..တော်ပါပြီ ဖားကြောက်ပါတယ်ဆိုနေမှ လာစနေတယ်''
"ဟားဟား....မကြောက်ပါနဲ့ မမြဝင်းရယ် ဘိုအောင်ဒင်ဘောင်းဘီချွတ်တာ ရှူးရှူးပေါက်မလို့ပါ 🤣🤣''
"ဟွန့်....အော် ဒါနဲ့ သက္ကရာဇ် ''
"အင်း...ပြော''
"ငါတို့ကို anatomy သင်မှာက sister မဟုတ်ဘဲ brother တဲ့''
"ဟင်...brother ရှိတယ်ပေါ့''
"အင်း.... ဟိုနေ့ကမှ ကလောကနေ ပြောင်းလာတာတဲ့''
"အော်....''
ထွဋ်ခေါင်က သူတို့နှစ်ယောက်ကို တစ်ချက်မော့ကြည့်ပြီးမှ ဖုန်းဆက်ကြည့်နေကာ....
"သူများအကြောင်း တော်တော်စပ်စုနေကြတာ''
"ငါတို့ကိုသင်မဲ့ brother ပဲလေ။ စပ်စုသင့်ရင် စပ်စုရမှာပဲ....brother ကငယ်ငယ်ချောချောလေးလား မသိဘူးနော် ဟီးဟီး''
"မဟုတ်ဘူး အိုနေပြီ''
"ထွဋ်ခေါင် မင်းကမြင်ဖူးတာကျနေတာပဲ''
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙