My dear male nurse part 32

1.1K 33 0
                                    

နွေဦးအချိန်အခါသို့ စတင်ရောက်ရှိလာပြီဖြစ်တာကြောင့် မနက်ခင်းအချိန်မှာသာအေးပြီး နေ့လည်ဆို အသားကုန်ပူလာပါသည်။ လွှမ်းတို့ မနက်ခင်းပိုင်း တောင်ကြီးကနေ ၀တ်လာခဲ့တဲ့ အနွေးထည်တွေမှာဖြင့် နေ့လည်ရောက်တော့ ကားနောက်ခန်းဆီမှာ ပစ်ထားခြင်းခံနေရပါသည်။

တောလမ်းဖြစ်တာကြောင့် ကားလမ်းမပေါ်မှာ ရှဉ့်သေးသေးလေးတွေ ဖြတ်သန်းပြေးလွှားနေတာကိုလည်း မြင်ရပါသည်။ တောတောင်တွေကို ဖြတ်သန်းရတာကြောင့် စကားအမှားလည်းတတ်နိုင်သမျှ မပြောမိအောင် သူတို့ ရှောင်ကြဉ်ထားကြသည်။ တစ်ချို့လမ်းတွေဆိုရင် မြွေပါးကင်းပါး အန္တရယ်မှကင်းဝေးအောင် ကားမောင်းနေစဉ်တစ်လျှောက် ကားဟွန်းကို အဆက်မပြတ်တီးရပါသေးသည်။

"မောက်မယ်မြို့မှကြိုဆိုပါ၏" ဟုဆိုင်းဘုတ်ကို အရင်ဆုံးတွေ့လိုက်ရပြီး ထိုမှတစ်ဆင့် ကားကိုမြို့ထဲသို့ ဆက်မောင်းသွားလိုက်သည်။ မြို့ထဲသို့ရောက်ခါနီး ထွဋ်ခေါင်တို့ကို ကြိုပြီးဖုန်းဆက်ထားတာကြောင့် မြို့ထဲအ၀င်နားမှာ ကောင်လေးတစ်ယောက်က လာကြိုသည်။ လွှမ်းတို့ကားလေးလည်း ထိုကောင်လေးစီးတဲ့ဆိုင်ကယ်နောက် ပုံမှန်လေးလိုက်လာလိုက်ပြီး နှစ်ထပ်အိမ်ကြီးတစ်အိမ်ရှေ့သို့ရောက်တော့ ထိုကောင်လေးရဲ့ဆိုင်ကယ်က ရပ်သွားတာကြောင့် လွှမ်းလည်း ကားကိုလိုက်ရပ်လိုက်သည်။

"ဟေး ရောက်ပြီလား"

ထိုအိမ်ထဲကနေ ဖျင်နီအင်္ကျီလေးနဲ့ပုဆိုးအကွက်စိတ်အနီရောင်လေးကို ၀တ်ဆင်ထားတဲ့သူက လွှမ်းတို့ဆီကို ထွက်လာကာ ကြိုဆိုသည်။ သူ့နောက်ကနေ ကပ်ပါလာတဲ့သူကတော့ ရှပ်အင်္ကျီအနက်ရောင်ကို ပေါင်လယ်လောက် ဘောင်းဘီဖြင့်တွဲဖက်၀တ်ဆင်ထားသည်။ ထိုအင်္ကျီအနက်ရောင်နဲ့ကောင်လေးက သက္ကရာဇ်နဲ့လပြည့်တို့ကို မြင်တော့ သူတို့ဆီပြေးလာသည်။

" သဲလေးတို့ကိုမျှော်နေတာ ကိုကိုက"

"ဘောကိုသဲလေးလား"

"ရွံစရာတွေကွာ"

သက္ကရာဇ်နဲ့လပြည့်ဆီက အသံပြိုင်တူထွက်လာတော့ ကျန်တဲ့လူတွေဆီကနေ ရယ်သံလေးတွေထွက်လာသည်။

My dear male nurse (Complete)Where stories live. Discover now