Brother စိုင်း၀န်ရွက်၏အခန်းရှေ့တွင် ကျောင်းသားများစွာ ပြည့်နှက်လျက်။ အကြောင်းကတော့ ထွဋ်ခေါင်တို့သူငယ်ချင်းလေးယောက် အနောက်ဘက်ခြံစည်းရိုးကနေ ခိုးထွက်ကာ ဘီယာဆိုင်မှာ မူးပြီး ရန်ဖြစ်တာကို ဆရာသိသွားပြီး အနောက်ကနေလိုက်ကာ ပြန်ခေါ်လာပြီး ရုံးခန်းထဲခေါ်ထားသောကြောင့် လာရောက်စပ်စုနေကြခြင်းပင်။
၀န်ရွက် ရေခဲသေတ္တာထဲက ရေသန့်တစ်ဘူးယူလိုက်ပြီး ဖောက်ကာ ရှေ့က ထိုင်နေတဲ့လေးယောက်ကိုကြည့်ရင်း တစ်ကြိုက်တည်း မော့ချလိုက်သည်။ ထို့နောက် ဘူးကို ပြန်ပိတ်ပြီး စားပွဲခုံပေါ်ကို အားနဲ့ချလိုက်တော့ တုန်တက်သွားတဲ့ ခန္ဓာကိုယ် လေးခု။
"ခုမှ ကြောက်ဟန်ဆောင်မနေနဲ့ မင်းတို့ရန်ဖြစ်တုန်းက ဒီလိုကြောက်ဖို့ သတိမရကြဘူးလား"
"ကျွန်တော်တို့ တောင်းပန်ပါတယ်"
သက္ကရာဇ်တို့လည်း ကိုယ့်အမှားကိုသိတာကြောင့် မည့်သည့် စကားမှ အထွဋ့်မတက်ရဲပေ။ တောင်းပန်စကားကိုသာပြောတော့ ဆရာ့ရဲ့ လက်သံက စားပွဲပေါ်သို့ ဟိန်းကနဲ။
ဒုန်းးးးးးး
"ငါအမုန်းဆုံးက ဘာလဲသိလား တောင်းပန်တာကို ငါအမုန်းဆုံးပဲ....ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ မင်းတို့မတွေး မိဘူးလား။ အပြစ်တစ်ခါလုပ်ပြီးတိုင်း တောင်းပန်လိုက်ရင် ပြီးသွားမှာပါကွာလို့တွေးမိနေရင် ထပ်ခါတလဲလဲ အပြစ်တွေဆက်လုပ်နေမှာပေါ့ ထပ်တောင်းပန်မှာပေါ့။ ပြီးတောင်း ဟိုနှစ်ယောက် ခွန်ထွဋ်ခေါင်နဲ့ သက္ကရာဇ်ရောင်ဝေလင်း မင်းတို့ အရင်တစ်ခါက အပြင်ထွက်တာ ငါမိသွားတာတောင် မျက်နှာပြောင်တိုက်ပြီး အပြင်ထွက်ရဲသေးတယ်နော်"
"ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်ဗျာ"
"ငါလိုချင်တာ ဒီအဖြေမဟုတ်ဘူး"
"ဟုတ်ကဲ့ ကျွန်တော်တို့နောက်ဆို အနောက်ဘက်အပေါက်ကနေ မထွက်တော့ပါဘူးလို့ ကတိပေးပါတယ်ဗျ"
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙