My dear male nurse part 23

1.6K 54 0
                                    

Ringing 📞📞📞.........

"ငလင်းရေ မင့်ဖုန်းလာနေတယ်ဝေ့"

"‌အေအေ လာပြီ"

သက္ကရာဇ် အ၀တ်လျှော်နေရင်း ဖုန်းလာသံကြားတာကြောင့် အခန်းထဲအမြန်သွားလိုက်ပြီး ဖုန်းကိုင်လိုက်တော့ ဆရာဖြစ်နေတာကြောင့် နှုတ်ခမ်းထပ်၌ အပြုံးပန်းများ ချိတ်ဆွဲမိသွားသည်။

"ဟုတ်ကဲ့ ဆရာ"

"ကလေး အားလား အလုပ်ရှိလား"

နောက်ဖေးက အ၀တ်တွေပြည့်လျှံနေတဲ့ခြင်းကိုကြည့်လိုက်ပြီး တစ်ခွန်းတည်းပြောလိုက်သည်။

" မရှိဘူးဗျ အားတယ်ဗျ"

"အော် အားတယ်ဆိုရင် ကိုယ်နဲ့ခနလောက် အပြင်လိုက်ခဲ့မလား ဒီနေ့ပိတ်ရက်ဆိုတော့ အပြင်ထွက်လို့ရပါတယ်နော်"

"ရတယ်ဗျ ဘယ်ချိန်လောက်တွေ့မလဲဗျ"

"ကလေးပြင်ထားလိုက်လေ ကိုယ်အခုလာခေါ်လိုက်မယ်"

"ဟုတ်ကဲ့ဆရာ"

"ဒါဆို ကိုယ်ချပြီနော်"

"ဟုတ်ကဲ့"

တူ.....

"ငါဘာ၀တ်ရင်ကောင်းမလဲ"

သက္ကရာဇ် အ၀တ်ပုံကြားထဲမှာနစ်မြုပ်နေတုန်း သူ့ခေါင်းပေါ်သို့ ထွဋ်ခေါင် သူ့ပုခုံးထက်က သပတ်ကိုယူကာ ပြစ်ထည့်လိုက်သည်။

"ဟာ ဘာလုပ်တာလဲ"

သက္ကရာဇ် ခေါင်းပေါ်က သပတ်ကို ထွဋ်ခေါင်ဆီသို့ ပြန်ပစ်လိုက်သည်။

"မင်းကိုမေးရမှာ ဘာလုပ်နေတာလဲလို့"

"ဆရာနဲ့အပြင်ခနသွားမလို့"

"ဟ မင်းအ၀တ်တွေမလျှော်ဘူးလား"

"ပြန်လာရင် လျှော်မယ်လေကွာ"

"ပြန်လာရင်နောက်ကျပြီလေ"

"မကြာဘူးစိတ်ချ ခနလေးပဲ"

My dear male nurse (Complete)Where stories live. Discover now