ဘယ်လောက်ပဲ နွေဦးရာသီဖြစ်နေပါစေ တောင်ကြီးမြို့ကတော့ အမြဲတမ်းနေလို့ကောင်းပြီး ရာသီဉတုက အေးမြနေတုန်းပင်။ ချယ်ရီပန်းတွေ လှိုင်လှိုင်ဖူးပွင့်နေတဲ့ အပင်ကြီးကို သက္ကရာဇ် အကြာကြီးမော့ကြည့်နေမိသည်။ ထို့နောက် သူ့အကြည့်တွေက ထိုအပင်အောက်မှာ ထိုင်နေတဲ့ ခပ်ချောချောအမျိုးသားဆီသို့။ အခုချိန်မှာ ကိုကို့ကို အားရပါးရပြေးဖက်လိုက်ပြီး သူသိပ်လွမ်းနေတဲ့အကြောင်းတွေ ပြောပြချင်မိသည်။ သို့သော် သူ့ကိုပြစ်ထားခဲ့တဲ့အတွက် နောင်တပိစိလေးရအောင် သူလုပ်ချင်မိသေးသည်။ သူ့ကြည့်နေတာကို ရိပ်မိသွားတယ်ထင်ပါရဲ့ ထိုအမျိုးသားက ခေါင်းငုံ့ထားရင်းကနေ သူ့ကို မော့ကြည့်လာသည်။
"ပြောစရာစကားမရှိဘူးလား"
သူ့ဘက်က အတော်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပထမဆုံးထွက်လာခဲ့တဲ့အသံ။ သူဒီအသံကို သိပ်လွမ်းနေခဲ့တာ ကိုကို့ရဲ့သူ့အပေါ်ကြည့်တဲ့အကြည့်တွေ သူ့အတွက်ဂရုစိုက်မှုတွေ သူ့ပေါ်ချိုသာလွန်းတဲ့စကားသံတွေကို သူသိပ်လွမ်းနေခဲ့တဲ့အကြောင်းတွေ တွေးမိတော့ မျက်၀န်းထဲ၌ မျက်ရည်များရစ်သိုင်းလာခဲ့သည်။
"ကျွန်တော့်ကို ပြစ်ထားလက်စနဲ့ ပြစ်ထားလိုက်ပါတော့လား"
"ဘာပြောလိုက်တယ်"
"ကျွန်တော့်ကိုပြစ်ထားလိုက်တော့လို့"
"ငါမင်းကို အချိန်တစ်ပတ်ပေးထားတာ တခြားကောင်နဲ့ပျော်ပြီး ငါ့ကိုဒီစကားတွေပြောဖို့ မင်းကိုအချိန်ပေးထားတာမဟုတ်ဘူး သက္ကရာဇ်ရောင်ဝေလင်း"
သက္ကရာဇ် စိတ်ထဲဘားမှမတွေးချင်မိတော့ပါ။ ဒီရက်ပိုင်း သူ့စိတ်တွေ တအားမွန်းကြပ်နေသည်။ အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးချင်စိတ်ပေါက်နေသည်။ ကိုကိုက သူ့ကို မချော့တဲ့အပြင် နာမည်အပြည့်အစုံခေါ်ပြီး လေသံမာနဲ့ပြောနေတာကြောင့် ရှိရင်းစွဲဂျစ်တစ်တစ်စိတ်လေးက ပိုပြီးကြီးထွားလာသည်။
"ကိုကို့ရဲ့ဉပေက္ခာတွေကြားထဲမှာ ကျွန်တော်နေသားကျနေပြီ။ ကိုကိုပေးထားတဲ့အချိန်က ကျွန်တော့်အတွက် နေသားကျအောင်ပြင်ဆင်ဖို့ပေးလိုက်သလိုပဲ။ဒါကြောင့် စိတ်ချင်းမနီးစပ်တဲ့နောက် ဝေးသွားကြရုံပဲရှိတော့တာပေါ့"
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙