"ကိုကို ''
"ဗျာ...''
"ကိုကို သဲကို ချစ်လား''
"ချစ်လွန်းလို့ ချစ် ချစ် ချစ် လို့တောင် မြည်နေပါတယ်ဗျ''
"ဟွန့်....အပိုတွေ ''
"အပိုတွေမဟုတ်ပါဘူး။ ရင်ထဲက လာတဲ့စကားတွေပါ''
"မယုံပါဘူး ''
"ယုံအောင် သက်သေပြမယ်လေ''
"ဟင်...ကိုကိုက ဘယ်လို သက်သေပြမှာလဲ''
"လာရှေ့တိုး... ပြောပြမယ် ''
"ဟုတ်''
မွ.....
"ဟာ...ကိုကိုနော် အရမ်းဆိုးတာပဲ။ သွား....မခေါ်တော့ဘူး ''
"ဟာ...အဲ့လိုမလုပ်ပါနဲ့ သဲလေးကလည်း''
"သိဘူးကွာ....လာမခေါ်နဲ့''
"ဟွန်း....ခေါ်မှာပဲ''
"ခေါ်နဲ့ဆို....''
"ခေါ်မှာပဲဆို....''
"သွားကွာ.....''
"သွားဘူးကွာ....''
"ငိုမှာနော် ''
"ငိုရင် အာဘွား ပေးမယ်ကွာ....လာထား မွမွ''
"ဟာ.... ဟိတ်ကောင်!''
"ဟမ် ဟင် ''
"ဘာကိစ္စနဲ့ ငါ့ကိုဖက်ပြီး အာဘွား တွေစွတ်ပေးနေတာလဲ စောက်ကောင်ရဲ့''
"ဟမ် ငါအိမ်မက်မက်နေတာလား''
သက္ကရာဇ်တစ်ယောက် အိမ်မက်မက်နေတဲ့ အကြောင်း စဥ်းစားပြီး တစ်ယောက်တည်း ရှက်ရှက်နဲ့ ကြိတ်ရယ်နေမိသည်။
ဒေါက်...အ့
"ဟိတ်ကောင် ဘာရီနေတာလဲ''
ထွဋ်ခေါင်ရဲ့ လက်သံပြောင်မှုကြောင့် မနက်ခင်းကြည်နူးနေတဲ့ အချိန်လေးတောင် ကြက်ပျောက်ငှက်ပျောက်။ ခွေးကောင် သူများပျော်နေတာကို မနာလိုဖြစ်နေတာ။ သက္ကရာဇ် နှာတစ်ချက် မှုတ်ထုတ်ကာ စိတ်မကြည်တဲ့ လေသံဖြင့်....
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙