"ငါနဲ့ခန့်ပြန်မှရမယ်"
"ဟာ ဘာလို့လဲ ဘုရားကြွတဲ့နေ့ မကြည့်တော့ဘူးလား"
"ဆေးရုံကဖုန်းဆက်လာတယ် မနက်ဖြန်ခွဲစိတ်မဲ့လူနာ ၇ ယောက်တောင်ရှိတယ်တဲ့ ငါမပြန်လို့မရဘူး"
လွှမ်း အင်းထဲရောက်နေတာ ရက်အတော်လည်း ကြာနေပြီဖြစ်တာကြောင့် ခွင့်ရက်ရှည်ယူလို့ကလည်း မဖြစ်ပြန်။ ဆေးရုံမှာ ဆရာ၀န်တွေအများကြီးဆိုပေမယ့် အလှည့်ကျ ခွဲစိတ်ခန်းထဲ၀င်ရတာဆိုတော့ တခြားသူကို အကူအညီတောင်းချင်ပေမယ့်လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ပြောရမှာ အားနာလှသည်။
"ဒါဆို ခန့်ကရော".
၀န်ရွက်က ဘေးမှာထိုင်နေတဲ့ ခန့်ကိုမေးလိုက်တော့ ခန့်က
"ငါ အင်းထဲက ဟော်တယ်ကိစ္စတစ်ခုအတွက် အစည်းအဝေးရှိတယ် လွှမ်းလည်းလိုက်နိုင်မှာမဟုတ်ဘူးကွာ CEO ကတစ်ယောက်မရှိရင် ကျန်တဲ့တစ်ယောက်တော့ရှိနေမှရမှာ"
"အဲ့တာဆိုလည်း မင်းတို့သဘောပဲလေ ငါက နောက်မှလိုက်ခဲ့မယ်"
"အင်း အဲ့တာဆို ငါဒီညလစ်မှရမယ် သော်ဘုန်းမြတ်တို့က ဟော်တယ်မှာစောင့်နေတယ်ပြောတယ်"
"လိုက်ပို့ရအုန်းမလား"
"နေပါစေ ကိုယ့်ဘာသာကို သွားမယ်"
ခန့်က ပြောပြီး အထုတ်တွေသွားယူမည်ဟုဆိုကာ အိမ်ပေါ်တက်သွားတော့ အိမ်အောက်ထပ်မှာ လွှမ်းနဲ့၀န်ရွက်နဲ့သာ ကျန်တော့သည်။
"မင်း ဒီအတိုင်းပဲနေတော့မှာလား"
"ဘာကိုလဲ"
"မင်းနဲ့သက္ကရာဇ်ကိစ္စကိုပြောတာ"
ဟူး.....
လွှမ်း သက်ပျင်းချမိသည်။ သူ သက္ကရာဇ်ကို သိပ်ချစ်ပါသည်။ ဒါပေမယ့် သူ့ကလေးရဲ့အမေကလည်း ဆရာမဆိုတော့ ပတ်၀န်းကျင်က ပြောမှာကို သူမလိုလား။ လွှမ်း သူ့ဘ၀လေးကို ဒီထက်မက သာယာလှပစေချင်သည်။ အညွှန့်တလူလူတက်နေတဲ့ အပင်လေးကို ဒီထက်မက ပိုလှပလာအောင်၊ ပိုကြီးထွားလာအောင် ပြုစုပျိုးထောင်ပေးချင်သည်။ သူ့ကြောင့် စိတ်တွေ အရောင်ပြောင်းသွားမှာလည်း မလိုလားပေ။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙