"ဆရာရယ် လုပ်ပါနော်"
"မလုပ်နိုင်ဘူး"
"ဆရာရယ် တစ်ခါတည်းပါနော်"
"မသင့်တော်ဘူးလေကွာ "
"ဘာလို့မသင့်တော်ရမှာလဲ ကျွန်တော်ကိုယ်တိုင် တောင်းဆိုနေတာပဲဟာ"
"ခက်ပါလား ထွဋ်ခေါင်ရယ်"
"မခက်ပါဘူးဆရာရယ် ကျွန်တော်ပြောတာလေးပဲ နားထောင်ပေးပါနော်"
"ပြီးရောကွာ ဒီတစ်ခါပဲရမယ်နော်"
"ဟုတ် ဟုတ်"
သက္ကရာဇ်ကြောင့် ဆိုင်ကယ်ကိုယ်တွင်းပစ္စည်းတစ်ချို့ပျက်ဆီးသွားလို့ ဆိုင်ကယ်ကို ၀က်ရှော့ဆိုင်သို့ပို့ထားတာဖြစ်တဲ့အတွက် အပြင်သွားဖို့ဆိုင်ကယ်မရှိတာကြောင့် ထွဋ်ခေါင် သူ့ရဲ့ဆရာလေးကို ပူဆာနေခြင်းပေ။ ဆရာက ဆိုင်ကယ်သော့ကို စားပွဲခုံပေါ်ကနေ ဆွဲယူလိုက်ပြီး ထိုင်ခုံနောက်မှီမှာ တင်ထားတဲ့ အနွေးထည်လက်ရှည်ကို လှမ်းယူ၍ ၀တ်ဆင်ကာ ထွဋ်ခေါင်ကို ကြည့်လိုက်သည်။
"ဒါနဲ့ အင်္ကျီလှဲအုန်းမလား"
"မလဲတော့ဘူးဆရာ 4နာရီ ဂျူတီပြန်၀င်ရမှာမို့"
"Okok ဒါဆို သွားကြတာပေါ့"
"ဟုတ် ဟီးဟီး"
ဆိုင်ကယ်ရပ်ထားတဲ့နေရာရောက်တော့ ထွဋ်ခေါင်က ဆိုင်ကယ်ရှေ့ပိတ်ရပ်ကာ ဆရာ့ကို ပြောလိုက်သည်။
"ဆရာ ကျွန်တော်မောင်းချင်တယ်"
"ဘာလို့လဲ"
"အာ ..ကျွန်တော်က အနောက်ကနေ လိုက်မစီးတတ်လို့"
*ကျွန်တော့်ခါးကိုဖက်ပြီး အနောက်ကနေလိုက်စီးမယ့်ဆရာ့မျက်နှာလေးကို မြင်ဖူးချင်လို့ *လို့တော့ မပြောဖြစ်ခဲ့။
"ရတယ်လေ ရော့ဆိုင်ကယ်သော့"
၀န်ရွက် အနောက်ကနေ ဆိုင်ကယ်ပေါ်သို့တက်လိုက်ပြီး ဂျူတီကုတ်ဖြူဖြူလေးကို ရင်ဘက်သို့အပ်လိုက်ကာ ခါးကို ခပ်တင်းတင်းဖက်လိုက်သည်။ ထွဋ်ခေါင်ဘက်က မလိုလားအပ်တဲ့အမူအယာမပြတာကြောင့် ခေါင်းလေးကို သူ့ပုခုံးပေါ်တင်လိုက်ပြီး မျက်စိမှိတ်ကာ လိုက်လာခဲ့သည်။ ဒါကို ဆိုင်ကယ်နောက်ကြည့်မှန်ကနေတစ်ဆင့်မြင်နေရသည့် ကောင်လေးတစ်ယောက်ရဲ့ အပြုံးပန်းတွေကလည်း လန်းဆန်းကြည်နူးနေကာ ဆိုင်ကယ်ကို ပုံမှန်နှုန်းနဲ့ စတင်လိုက်ပြီး တစ်ရွေ့ရွေ့ မောင်းနှင်လေတော့သည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙