"ဟို ကျွန်တော်တို့က ဘယ်လိုအိပ်ကြရင် ကောင်းမလဲဟင်"
လပြည့် ကြမ်းပြင်ပေါ်မှာ တင်ပလေခွေထိုင်ကာမေးတော့ ခန့်က စတီခုံပေါ်မှာ ခြေထောက်တစ်ချောင်းပေါ် တစ်ချောင်းချိတ်ရင်းပြောလိုက်သည်။
"အခန်းထဲအိပ်မှာပေါ့ကွ"
"အခန်းထဲတော့ ကျွန်တော်လည်း သိတာပေါ့ဗျ အခန်းက နှစ်ခန်းပဲရှိတာလေ တစ်ခန်းက ဆရာမနေတာ ကျန်တဲ့တစ်ခန်းက ကျွန်တော်တို့နေတာလေဗျာ"
"အဲ့တာဆို မင်းအပြင်မှာအိပ်လေ ငါတို့က ဧည့်သည်တွေပဲ အထဲမှာအိပ်မယ်"
"ကျွန်တော်လည်း ဧည့်သည်ပဲလေဗျာ"
"ကိုယ်တို့ ဘုရားခန်းမှာ အိပ်ရလည်း ကိစ္စမရှိပါဘူး"
၀န်ရွက်က ခန့်ရဲ့ပုခုံးကို ပုတ်ပြီး ၀င်ပြောတော့ ထွဋ်ခေါင်က ဂိမ်းဆော့နေရင်းနဲ့ ခေါင်းထောင်လာကာ ပြာပြာသလဲ ၀င်ငြင်းသည်။
"ဟာ ကိုကို အပြင်မှာ မအိပ်ရပါဘူး အအေးပတ်လိမ့်မယ်"
"ဟမ်!!!!"
"ဟာ"
"အမ်"
ထွဋ်ခေါင်နဲ့၀န်ရွက်မှလွဲ၍ ကျန်တဲ့သူတွေအားလုံး အာမေဋိက်အသံပြုပြီး သူတို့နှစ်ယောက်ကို ပြူးကြည့်နေကြသည်။
"ရပါတယ်မောင်ရဲ့ ကိုယ်က ကိစ္စမရှိပါဘူး"
"ဘာ!!!!"
"ဝိုး"
"ဝါး"
"၀န်ရွက်နဲ့ထွဋ်ခေါင်က ဘာတွေလဲ။ အဲ့လောက်မြန်မြန်ကြီးတော့......ငါထင်နေသလို မဖြစ်နိုင်ဘူး မလား"
တစ်ချိန်လုံးငြိမ်နေတဲ့ လွှမ်းက ထပြောတော့ ၀န်ရွက်က ရယ်သည်။ လူကြီးရှက်ရင် ရယ်တယ်တဲ့။ ဒါဟုတ်မှန်ကြောင်း သူ၀န်ခံလိုက်တာပဲ။ လပြည့်နဲ့ သက္ကရာဇ်လည်း သူ့သူငယ်ချင်းရဲ့လက်မောင်းကို ထုကာ သူတို့ကို မပြောပြရကောင်းလားဆိုပြီး ဝိုင်းဆူနေကြသည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙