**ခွန်ထွဋ်ခေါင်နှင့်စိုင်း၀န်ရွက်တို့၏ မင်္ဂလာဧည့်ခံပွဲ**ဟူသော ဆိုင်းပုဒ်ကို နောက်ခံထားပြီး ရွှေရောင်သတို့သား၀တ်စုံဖြင့် ခန့်ညားနေကြတဲ့ သတို့သားနှစ်ယောက်ကို အလယ်မှာထားကာ ထိုမောင်နှံနှစ်ဖော်ရဲ့ ဘယ်ဘက်ခြမ်းမှာ လွှမ်းကေသရာနဲ့သက္ကရာဇ်ရောင်ဝေလင်းက မိုးပြာရောင်၀တ်ဆုံဆင်တူဖြင့် အတူရှိနေကြပြီး ညာဘက်အခြမ်းမှာတော့ လိမ္မော်ရောင်၀တ်ဆုံဆင်တူ၀တ်ဆင်ထားသည့် ရာမေခန့်နဲ့ လပြည့်အောင်တို့ ရှိနေပါသည်။
"ကဲ ပြုံးပြုံးလေးနေကြမယ်"
ကင်မရာမန်း၏အသံအဆုံး အားလုံးက ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောပုံစံလေးဖြင့် နေလိုက်ကြတော့ အလွန်တရာကြည့်ကောင်းလှတဲ့ ဓာတ်ပုံလေးတစ်ပုံထွက်ပေါ်လာပါသည်။ ထို့နောက် သတို့သားနှစ်ယောက်နဲ့အတူ ဓာတ်ပုံတွေ အလှည့်ကျ ရိုက်နေကြပြီး ခနကြာတော့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံရတဲ့ဘက်သို့ ပြေးကြရပြန်သည်။ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအတိုင်းပဲ လက်ထပ်ကြတဲ့အတွက် မနက်အစောပိုင်းကို မင်္ဂလာဦးဆွမ်းကပ် တရားနာယူကြပြီးနောက် နှစ်ဖက်မိဘကို ကန်တော့ကြသည်။ ထို့နောက် လက်ဖွဲ့ချည်မျှင်စွပ်ခြင်းနှင့် စေ့စပ်လက်စွပ်လဲလှယ်ခြင်းတို့ကို အပြန်အလှန်ပြုလုပ်ကြပြီး နှစ်ဖက်မိဘများရဲ့ ဩဝါဒစကားများကိုတော့ သတို့သားနှစ်ယောက်နှင့်တကွ ကျန်တဲ့အတွဲနှစ်တွဲကပါ နာယူလိုက်ကြရပါသေးသည်။နေ့လည်ခင်းပိုင်းကျတော့ ဧည့်သည်တွေကို ကျွေးမွေးရမည့်အချိန်ဖြစ်တဲ့အတွက် လွှမ်းတို့အဖွဲ့လည်း မနားရပါ။ခန့်ကတော့ သူ့ကိုငမ်းနေတဲ့ ကောင်မလေးတစ်ချို့ကို ပြန်ကြည့်ချင်ပေမယ့်လည်း လတ်တလောပူပူနွေးနွေးရထားတဲ့ ချစ်သူလေး ရွှေစိတ်တော်ညှိုးမှာကြောက်လို့ မျက်စောင်းနဲ့တောင် စွေမကြည့်ခဲ့လိုက်ရပေ။ ညနေ၃နာရီလောက်ကျတော့ မင်္ဂလာပွဲပြီးဆုံးသွားသဖြင့် သတို့သားနှစ်ယောက်ကတော့ သူတို့ရဲ့ အချစ်စံအိမ်ဂေဟာအသစ်လေးဆီသို့ ဖင်ခါထွက်သွားတာကြောင့် လက်ဖွဲ့ပစ္စည်းတွေကို လွှမ်းတို့အဖွဲ့က တစ်ကူးတကကြီး ထိုအိမ်အသစ်ဆီသို့ သွားပို့ပေးလိုက်ကြရပြန်ပါသည်။ ပစ္စည်းတွေကို အိမ်အောက်ထပ်မှာပဲ ထားလိုက်ကြပြီးနောက် အိမ်ပေါ်ထပ်ကချစ်စခင်စမောင်နှံနှစ်ဖော်ကို မနှောင့်ယှက်ချင်တော့တာကြောင့် အိမ်တံခါးအသာအယာပြန်ပိတ်လိုက်ပြီး ထွက်လာခဲ့လိုက်ကြသည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙