"ဆရာ NA (new admit)"
ကြက်သားပေါက်စီကိုပါးစပ်ထဲထည့်ခါနီး Worker တစ်ယောက်ရဲ့အော်သံကြောင့် လက်ထဲက ပေါက်စီလေး ပါးစပ်ထဲမရောက်ခင် လေထဲမှာတင်တန့်သွားခဲ့သည်။
"မစ,စမ်းနဲ့ကွာ အခုမှ ထိုင်ရုံလေးပဲရှိတာကို"
လပြည့်ပြောလိုက်တော့ worker ကောင်လေးက စတာပါ အကိုကလည်း ဟုပြောပြီး ထွက်ပြေးသွားသည်။
ဒီနေ့က Valentine Day နေ့ဆိုတော့ ခွဲစိတ်ဌာနမှာ ၀န်ထမ်းတစ်ချို့က ခွင့်ယူထားကြတာကြောင့် ၀န်ထမ်းအင်အားလျော့နည်းနေသည်။ ထွဋ်ခေါင်နဲ့ သက္ကရာဇ်ကပါ ခွင့်ယူထားကြတာကြောင့် သူတို့နှစ်ယောက်ကိုယ်စား လပြည့်က Morning ကော Evening ပါ ဂျူတီ၀င်ပေးနေရသည်။
"အကိုကလည်း မပင်ပန်းချင်ရင် ဟိုအကိုကြီးကို အဖြေပေးလိုက်ပေါ့ဗျ"
ဘေးမှာ chart အသစ်ဆွဲနေသည့် NA (nurse aid)ညီလေးက နှောက်လိုက်တာကြောင့် လပြည့်မျက်နှာ ရှုံ့မဲ့သွားသည်။ ကိုခန့်က သူ့ကိုရည်းစားစကားပြောထားတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပင်။ ကိုခန့်လို ဉစ္စာပေါ ရုပ်ချော သဘောကောင်းတဲ့လူကြီးကို လိုချင်တဲ့ မိန်းကလေးများပေါတာလည်းသူအသိ။ ဒါပေမယ့် ကိုခန့်က တစ်ခါတစ်လေ တခြားမိန်းခလေးတွေနဲ့ အပျော်တွဲနေသည်။ သူ့ကိုလဲ ကိုခန့်ရဲ့ အပျော်ရည်းစားတွေလို မဖြစ်စေချင်။ ကိုခန့်ထားသွားရင် နာကျင်ခံစားရမယ့်ခံစားချက်ကြီးကို တွေးမိရင်း သူကြောက်မိသည်။
"တော်စမ်းပါ ငါ့ဘာသာငါ အေးဆေးနေပါရစေ"
"အကိုကသာ အေးဆေးနေချင်တာ ဟိုက အကို့ကိုလိုချင်တာမှ တစ်ပိုင်းကိုသေလို့"
"သေနေလို့ပဲတော်သေးတယ် ဒီလိုနေ့မျိုးကိုတောင်မှ ပေါ်မလာတဲ့သူကို"
"ဘယ်သူပြောလဲ"
NAညီလေး မေးငေါ့ပြရာအတိုင်း လှမ်းကြည့်လိုက်တော့ လက်တစ်ဖက်က နှင်းဆီပန်းစည်းကြီးနဲ့ ချောကလက်ဘူးကိုကိုင်ရင်း ကျန်တစ်ဖက်က သူ့ဘောင်းဘီအိပ်ကပ်ထဲထည့်ကာ ဟန်ပါပါဖြင့်လမ်းလျှောက်လာသူ။ တီရှပ်အနက်ရောင်ကို အပေါ်ကနေကြယ်သီးနှစ်လုံးဖြုတ်ပြီး စတိုင်ပန်ဘောင်းဘီ အနက်ရောင်ကို တွဲ၀တ်ဆင်ထားတဲ့သူက ရှိရင်းစွဲ အသက်ထက်နုနေသည်။ လပြည့်နှာခေါင်းရှုံ့မိသည်။ ဆေးရုံလာပြီး ပဲများနေတဲ့လူကြီး။ NAကောင်လေးကတော့ ကိုလပြည့်ရဲ့ လူကြီး ရုံးခန်းထဲရောက်ခါနီး Toilet သွားအုန်းမယ်ဆိုပြီး အပြင်ပြေးထွက်သွားသည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙