ဒေါက် ဒေါက်....
"Long time no see Dr. Hlwan"
ခန့် ရုံးခန်းထဲဝင်လာတော့ လွှမ်းနှင့်အတူ အခန်းထဲမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
"Arr.... Sorry Dr. Hlwan ခနနေမှ ပြန်လာခဲ့ပါမယ်ဗျ"
ခန့် လွှမ်းကို ပြောပြီး အခန်းတံခါးဖွင့်ကာ ထွက်သွားမည်လုပ်တော့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ထိုအမျိုးသမီးက ခုံပေါ်က စာရွက်တစ်ချို့ကို ကိုင်ကြည့်ရင်းပြောလိုက်သည်။
"You are sitting here with us"
ခန့် တံခါးလက်ကိုင်ကိုကိုင်တဲ့ လက်တွေတင်းကြပ်သွားခဲ့သည်။ ဒီအသံကို သူရင်းရင်းနှီးနှီးသိသည်။ ခန့် အသံပိုင်ရှင်ကို စဉ်းစားခန်းဝင်နေချိန်အတွင်း သူ့နောက်ကျောသို့ လွှင့်ပြန်လာတဲ့ ဘောပင်တစ်ချောင်း။
ဒေါက်....အ....
'မင်းက ဘယ်သူမို့ ငါ့ကို ကို......."
ခန့် သူ့ကိုဘောပင်နဲ့ ပစ်ပေါက်တဲ့ ယဉ်ကျေးမှုမရှိတဲ့သူကို ရန်တွေ့မလို့ နောက်လှည့်လိုက်တော့ သူ့ကို မျက်စောင်း ကြီးနဲ့ကြည့်နေတဲ့ ကြယ်စင်နဲ့အတူ ဆေးထိုးအပ်ကိုင်ကာ သူ့ကိုကြည့်နေတဲ့ ၀န်ရွက်။
ဟိုက်.....သွားပါပြီ ခိုးလာပါတယ်ဆို သူတို့က ဘယ်လိုရောက်နေကြတာလဲ မသိပါဘူး။
ကြယ်စင်က စကားစသည်။
"Nice to meet you Mr. Yar May Khant"
"အော် ဟဲဟဲ သူငယ်ချင်းတို့ မတွေ့တာ ကြာပြီနော်"
"အဲ့တာနောက်ထား ဒီခုံမှာ လာထိုင်ပါအုန်း"
"လာမှာပေါ့ ဒါပေမယ့် အခုမဟုတ်သေးဘူး"
"အခုမလာရတာ ဘာကိစ္စရှိလို့လဲ"
"ဘာမှမဟုတ်ပါဘူး ဒါနဲ့ ဟို....၀န်ရွက် သူငယ်ချင်း မင်းလက်ထဲက အပ်က ဘာလုပ်မလို့လဲ"
ဝန်ရွက် သူ့လက်ထဲက အပ်ကို ကြည့်ရင်းပြောလိုက်သည်
"အော်....ဒါလား ငါခွေးကိုက်ခံရတဲ့ ကလေးတစ်ယောက်ကို ဆေးထိုးပေးမလို့လေ ဘာလို့လဲ"
"မဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာ မင်းတို့က ငါရောက်လာမှာကို ကြိုသိနေကြတာလား"
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙