My dear male nurse part 22

1.7K 61 1
                                    

"လူနာအသစ်ထည့်မယ်"

ခွဲခန်းထဲက ဆရာမတစ်ယောက်က အပြင်က ဆရာမတွေကို လှမ်းအော်လိုက်ပြီးမကြာ လူနာအသစ်ထပ်ရောက်လာသည်။ ဒီလူနာက  အရက်အလွန်ကျွံသောက်ကာ အမူးလွန်ပြီး ဆိုင်ကယ်အမြန်မောင်းတာကြောင့် လမ်းဘေးက ချောက်ထဲသို့ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခြင်းပေ။

"လူနာထပ်ရှိသေးလား"

ခွဲစိတ်ဆရာ၀န်ကြီးက ထိုလူနာရဲ့ ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ လွှမ်းကို မေးလိုက်ခြင်းပေ။

"ဒီတစ်ယောက် နောက်ဆုံးပါဆရာ"

"Ok အားလုံး နောက်ဆုံးပိတ်အိတ်နဲ့လွယ် အားကြိုးမာန်တက်ကြိုးစားကြတာပေါ့"

ဆရာ၀န်ကြီးကပြောတော့ လွှမ်းနှင့်အတူ အခြားဆရာ၀န်တွေနဲ့ သူနာပြုဆရာမတွေပါ အကုန်ပြိုင်တူပြောလာကြသည်။

"ဟုတ်ကဲ့ဆရာ"

တစ်နာရီခွဲလောက်ကြာအောင် ခွဲစိတ်ပြီးနောက် အသားတွေပြန်ချုပ်ဖို့ပဲကျန်တော့တာကြောင့် ဆရာကြီးက လွှမ်းဆီ တာ၀န်ပေးလိုက်ကာ အရင်ထွက်သွားလိုက်သည်။ လွှမ်းလည်း သေချာစနစ်တကျပြန်ချုပ်လိူက်ပြီးနောက် လူနာကို ဆရာမတွေလက်ထဲအပ်ကာ နားနေခန်းသို့ ထွက်လာလိုက်သည်။

ခွဲစိတ်ခန်းနဲ့နားနေခန်းကြားတွင် အ၀တ်လှဲခန်းတစ်ခန်းရှိသေးတာကြောင့် ထိုအခန်းထဲသွားပြီး လက်အိတ်ကို အရင်ချွတ်လိုက်သည်။ ခနကြာတော့ သူနာပြုအကူတစ်ယောက်ကလာပြီး လွှမ်း၀တ်ဆင်ထားတဲ့ ခွဲခန်း၀တ်စုံရဲ့ ကျောအနောက်ဘက်က ကြိုးတွေကိုလာဖြေပေးသည်။

"ကျေးဇူးပါဗျ"

"ဟုတ်ကဲ့"

ကိုယ့်ကို လာကူညီပေးတဲ့အတွက် လွှမ်းကျေးဇူးတင်စကားဆိုလိုက်ကာ ၀တ်စုံကို ခြင်းထဲသို့ ပစ်ထည့်လိုက်ပြီး Cap (ခေါင်းဆောင်း) နှင့် Mask တို့ကိုပါ တစ်ခါတည်း ပစ်လိုက်သည်။ ဘေစင်မှာ လက်ကို စင်ကြယ်စွာဆေးကြောလိုက်ပြီး ရှေ့ကမှန်မှာပေါ်နေတဲ့ မိမိမျက်နှာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး နားနေခန်းထဲသို့ ၀င်လာလိုက်သည်။

ထိုင်ခုံမှာထိုင်ရင်း မိမိအိတ်ကပ်ထဲက ဖုန်းကိုယူကြည့်လိုက်သည်။ လိုင်းဖွင့်ဖွင့်ချင်း ၀န်ရွက်က ဓာတ်ပုံတွေပို့ထားတာတွေ့လိုက်ရတော့ ၀င်ကြည့်လိုက်သည်။ ပုံထဲမှာ သူ့ကလေးလေးနဲ့ သူ့သူငယ်ချင်းနှစ်ယောက်က ပင်နီဘောင်းဘီနဲ့ရှပ်အဖြူကို ၀တ်ဆင်ကာ ဘုရားဆွဲလှေလှော်နေသည့်ပုံနှင့် ၀န်ရွက်နဲ့ သူ့ယောက္ခမလောင်းတို့ရဲ့ Sefi ပုံများကိုပါ ပို့ထားတာ တွေ့ရသည်။

My dear male nurse (Complete)Where stories live. Discover now