My dear male nurse part 14

1.9K 72 0
                                    

"ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည် ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ သဒ္ဒါကပိုသည် ဆရာလေးကိုပဲ အသဲစွဲအောင် ချစ်တော့မည် .......ဒူးနန့် ဒန့်နန့် ဒူးနန့် ဒုန်"

ဒီနေ့ ထွဋ်ခေါင် သီချင်းတအေးအေးဖြင့် အ၀တ်အစားလှဲနေသည်။ အ၀တ်အစားလှဲပြီး မှန်ရှေ့ရပ်ကာ ဆံပင်ဖြီးသင်လိုက်ပြီး ဂျယ်ဖြင့်သပ်တင်ကာ မျက်နှာကို ခရင်မ် လိမ်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းဆီသို့ အကြည့်ရောက်တော့ အရင်နေ့က ဖြစ်ပျက်ခဲ့တာကိုတွေးရင်း ကြည်နူးမိကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

"ငါ သွားမတိုက်ဘဲ သွားခဲ့တာ တော်တော်နာတယ်ကွာ"

ထိုစဉ် အနောက်ကနေ လက်တစ်ဖက်ဖြင့် ဂုတ်ကိုကိုင်ကာ ကျန်တစ်ဖက်ဖြင့် ဆံပင်ကို ထိုးဖွသွားတဲ့ သက္ကရာဇ်ရောင်ဝေလင်းကြောင့် ထွဋ်ခေါင် အော်ဆဲလိုက်သည်။

"ချီးကောင် ငါ့ဆံပင်ပုံပျက်သွားပြီဟ"

ထွန်ခေါင်ပြောတော့ သက္ကရာဇ်တစ်ယောက် အံ့ဩသွားသလိုဖြစ်ကာ ခနကြာမှ ခါးထောက်ပြီး ထွဋ်ခေါင်ကို မျက်ခုံးကျုံ့ကာ ကြည့်ရင်းပြောလိုက်သည်။

"မင်းက ဘာစောက်ကြောင်းရှိလို့ အဲ့လောက် သေးသေးတင်မခံဖြစ်နေရတာလဲ"

" ဂျယ်လူးထားတာဟ ပုံပျက်ကုန်ပါပြီ မင်းကြောင့်"

"မင်းအဲ့လောက် ပဲများနေတာ ဘယ်ကောင်မလေးကို ကြိုက်နေလို့လဲ"

သက္ကရာဇ်မေးတော့ ထွဋ်ခေါင်က ပြုံးစိစိလုပ်ကာ အင်္ကျီကော်လံကို လက်နှစ်ဖက်ဖြင့် ပင့်တင်လိုက်ပြီး.....

"ကောင်မလေး မဟုတ်ဘူး ကောင်လေး"

"ဘယ်လို မင်းဘာပြောလိုက်တယ်"

"ကောင်လေးလို့ ငါကြိုက်နေတာကောင်လေးလို့"

"ဝါးးးး ဘယ်နှစ်ကလဲ first year ပဲလား"

"အဲ့ကိစ္စပဲပြောမို့ကွာ ဟိုတစ်နေ့က ငါ့မိဘတွေ ငါ့ကိုရည်းစားမထားရဘူးလို့ပြောတာ မှတ်မိသေးတယ်မလား"

My dear male nurse (Complete)Where stories live. Discover now