My dear male nurse part 17

2.1K 67 2
                                    

ဒီနေ့ သက္ကရာဇ်အိမ်ပြန်ရမဲ့နေ့ဖြစ်တဲ့အတွက် ရင်တွေခုန်နေမိသည်။ အိမ်မပြန်ရတာကြာပြီဖြစ်သောကြောင့် မိခင်နှင့်အတူ အင်းလေးကန်ကြီးကိုပါ သူလွမ်းလှသည်။ ထွဋ်ခေါင်နဲ့လပြည့် ကလည်း သီတင်းကျွတ်ပိတ်ရက် အိမ်လိုက်လည်မည်ဟုပြောထားသောကြောင့် သုံးယောက်သား တောင်ကြီး မြို့မဈေးကနေ ညောင်ရွှေမြို့နယ်သို့သွားတဲ့ လိုင်းကားဖြင့် စီးလာကြသည်။ မနက်စောစော တောင်ပေါ်လမ်းကနေ ဆင်းတော့ မြူတွေအုံ့ဆိုင်းနေပြီး လေကလည်း တဖြူးဖြူးတိုက်နေတာကြောင့် အနွေးထည်ထူထူကို ၀တ်ဆင်ထားရသည်။ မနက်ခင်း တောလမ်းတစ်လျှောက် ကျေးဌက်များရဲ့ အော်သံတွေနဲ့အတူ ရေတံခွန်ကနေစီးဆင်းလာတဲ့ ရေသံလေးများက သာယာနာဖျော်ဖွယ်အတိ အေးချမ်းခြင်းကို ခေါ်ဆောင်နေသည်။

တောင်ပေါ်ကားလမ်းကနေ အောက်သို့ကြည့်ရင် တိမ်တွေကြားမှာအိမ်တွေဆောက်ထားသလိုမျိုး မြူတွေနဲ့သစ်ပင်တွေ၀န်းရံထားတဲ့ အဆောက်အဦးများစွာကိုတွေ့ရသည်။ သာယာအေးချမ်းပြီး အာရုံဦးမနက်ခင်းပန်းချီကားသဖွယ် လှပနေတာကြောင့် သက္ကရာဇ်တစ်ယောက် မိမိဖုန်းနှင့် အမိအရ ဓာတ်ပုံဖမ်းယူလိုက်သည်။

"ငါလေး ဓာတ်ပုံရိုက်တဲ့စကေးတွေ တော်တော် တိုးတက်လာပါလား"

သက္ကရာဇ်ပြောပြီး ဖုန်းကို ကိုင်နေရင်း ဘေးကိုကြည့်လိုက်တော့ တစ်ယောက်နှင့်တစ်ယောက်ဖက်ပြီး အိပ်နေကြတဲ့ ထွဋ်ခေါင်နှင့်လပြည့်ကို ကြည့်လိုက်ရင်း သူ ခေါင်းခါလိုက်သည်။ ထို့နောက် သူတို့အိပ်နေတဲ့ပုံကိုဓာတ်ပုံရိုက်လိုက်ပြီး ပုံကိုပြန်ကြည့်လိုက်ကာ သူရယ်လိုက်မိသည်။

* ကာလနဂါးသေလို့၀င်စားတဲ့ကောင်တွေ မနက်ခင်း သဘာ၀အလှတရားကိုတောင် မခံစားတတ်ကြဘူး*

တောင်ပေါ်လမ်းကနေ အေးသာယာသို့ရောက်လာခဲ့ပြီးနောက် သူတို့စီးလာတဲ့ကားလေးက အောင်သပြေသို့ဆက်သွားသည်။ အောင်သပြေကနေ ရွှေညောင်သို့ဆက်သွားပြီး ရွှေညောင်လမ်းခွဲသို့ရောက်တော့ ရွှေညောင်ဈေးကနေ ညောင်ရွှေမြို့သို့ ဆက်သွားသည်။ ညောင်ရွှေသို့သွားတဲ့ကားလမ်းကလည်း အလွန်လှပတာကြောင့် ကားရပ်ပြီး ဓာတ်ပုံရိုက်တဲ့လူများလည်း ရှိကြသည်။

My dear male nurse (Complete)Where stories live. Discover now