My dear male nurse part 30

1.4K 39 0
                                    

ဒီနေ့ သက္ကရာဇ်နဲ့ကိုကို စူဠာမုနိဘုရားသွားဖြစ်ခဲ့သည်။ ကိုကို့ခန္ဓာကိုယ်ပေါ်မှာ ၀တ်ဆင်ထားတဲ့ စတစ်ကော်လံ အင်္ကျီအဖြူရောင်နဲ့ ခဲရောင်ပိုးပုဆိုးက သက္ကရာဇ်၀တ်ဆင်ထားတဲ့ အပြာနုရောင်ပိုးပုဆိုးထက်ပင် ပိုမိုတောက်ပြောင်နေသရောင်။ ဟိုတစ်နေ့ကမှ Ocean Centreမှာ ဆင်တူ၀ယ်ခဲ့ကြတဲ့ ကတ္တီပါဖိနပ် အနက်ရောင်လေးကို အတူတူစီးကြပြီး ဘုရားပေါ်သို့တက်လာခဲ့လိုက်သည်။ ရင်ပြင်တော်ပေါ်သို့ရောက်ခါနီး ဖိနပ်တွေချွတ်တဲ့နေရာမှာ သက္ကရာဇ်တို့ ဖိနပ်အစီအရီချွတ်လိုက်ပြီး ရင်ပြင်ပေါ် တက်မယ်လုပ်တော့ ကိုကိုက သူ့လက်တစ်ဖက်ကို သက္ကရာဇ်ဆီသို့ကမ်းလာသည်။ သက္ကရာဇ် ကိုကို့လက်ကို ဆုတ်ကိုင်လိုက်ပြီး ကိုကိုခေါ်ဆောင်ရာနောက် လိုက်သွားခဲ့သည်။ ကိုကို့ရဲ့ နောက်ကျောပြင်ကျယ်ကျယ်ကြီးကိုကြည့်ရင်း သက္ကရာဇ် ရင်ထဲ၌ ကြည်နူးမှုများဖြစ်ထွန်းရသည်။ သူ့လက်ဖဝါးကျယ်ကြီးနဲ့ မိမိလက်ကို အသာအယာဆုတ်ကိုင်ထားပြီး ဘုရားရင်ပြင်ကို အရင်ဆုံးပတ်သွားနေသည်။ တိတ်ဆိတ်နေတဲ့သူ့ကို ကိုကိုကအနောက်သို့တစ်ချက်လှည့်ကာကြည့်လိုက်ပြီး အငြင်သာဆုံးပြုံးပြလာတော့ ဘေးက ကောင်မလေးတစ်သိုက်ရဲ့ အော်သံကိုပါ သက္ကရာဇ် မြင်ပြင်းကပ်စွာ ကြားလိုက်ရပြီး မျက်နှာရှုံ့မိသွားသည်။

*ဒီဘိုးတော် ဘာတွေစားထားလို့ ဒီလောက်ခန့်နေရတာလဲ*

"ကိုကို ဘုရားပန်းသွား၀ယ်မလို့ ဒီမှာခနစောင့်နေနော်"

"ဟုတ်"

ရင်ပြင်တော်ရဲ့ အနောက်ဘက်က ခုံတန်းပေါ်မှာ ကိုကို့ကိုထိုင်စောင့်နေလိုက်သည်။ လပြည့်နေ့ဖြစ်တဲ့အတွက် ရင်ပြင်တော်၌ လူတွေပြည့်နှက်နေကြသည်။ ဘုရားရင်ပြင်တော်ကနေ အနောက်ဘက်တောင်တန်းကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေတဲ့သူများလည်း ရှိကြသည်။ ခုနက ကိုကို့ကို ငမ်းနေကြတဲ့ကောင်မလေးတစ်သိုက်က Tiktokဆော့နေကြသည်ထင်ပါရဲ့ ၀မ်းဆက်လေးတွေဖြင့် ကနေကြသည်။ သက္ကရာဇ် သူများတွေကို လိုက်ကြည့်နေမိပြီး ခနကြာတော့ ကိုကိုက ရေမွှေးပန်းလေးတွေကို ကိုင်ပြီး သက္ကရာဇ်ရှိရာသို့ လာနေသည်။

My dear male nurse (Complete)Where stories live. Discover now