My dear male nurse part 25

1.6K 47 0
                                    

ဒုတိယနှစ်ကျောင်းသားငါးယောက်ကို OT မှာလက်တွေ့ဆင်းရမည်ဟု sister ကပြောလာတာကြောင့် သက္ကရာဇ်အပါအ၀င် ယောကျာ်းလေး ငါးယောက် တစ်ပတ်လက်တွေ့ဆင်းကြရသည်။ ရောက်ရောက်ချင်းမှာတော့ တော်တော်အဆင်မပြေဘူးပြောရမည်။ Sterlized ဖြစ်ထားတဲ့ အ၀တ်တွေ၊ instrument တွေကို မထိအောင် မနည်းရှောင်ရသည်။ ထိမိတာနဲ့ အဆူခံရမှာ ကျိန်းသေးသည်။ အ၀တ်အစားကလည်း အပြင်မှာတစ်စုံ အထဲမှာ တစ်စုံ၀တ်ရတာကြောင့် ချွတ်လိုက်၀တ်လိုက်ဖြင့် တစ်ယောက်တည်း အဆင်မပြေဖြစ်လှသည်။ ဒီနေ့ case သိပ်မများတာကြောင့် 1 နာရီထိုးတာနဲ့ သူတို့အဖွဲ့ အိမ်ပြန်ခွင့်ရခဲ့သည်။

OT ထဲကထွက်လာပြီး အပြန် ဖုန်းမြည်သံကြားလို့ အိတ်ကပ်ထဲကနေ နှိူက်ရင်းကြည့်လိုက်တော့ ပေါ်လာတဲ့နာမည်က သူရဲ့မူပိုင်ချစ်သူ "ဘိုးတော်❤️"

"ဟဲလို ကိုကို"

"ကလေး နေ့လည်စာစားပြီးပြီလား"

"မစားရသေးဘူးကိုကို အခုမှ OT ကထွက်တာ"

"ဟု‌တ်လား အဲ့တာဆိုအတော်ပဲ ကိုကိုလည်း ‌ဒီနေ့ duty off လို့အိမ်မှာနေရတာ ပျင်းနေတာ ကိုကိုနဲ့နေ့လည်စာသွားစားကြရအောင်လေ"

"ကျွန်တော်က ယူနီဖောင်းကြီးနဲ့ အ၀တ်မလှဲရသေးဘူး"

"ယူနီဖောင်းနဲ့လည်းရပါတယ်ကွာ ကိုယ်လာခေါ်မယ် သင်တန်းကျောင်းရှေ့မှာစောင့်နေနော်"

"ဟုကဲ့ဗျ"

"ဖုန်းကြည့်ပြီးဘာလို့ငိုနေရတာလဲကွာ"

ဘေးက ထွဋ်ခေါင်ရဲ့အသံကြောင့် ကြည်နူးနေတာတောင်ပျောက်။

"မင်းမေကြီးတော်ကိုငို ကြည်နူးနေတာဟ"

"အေးပေါ့လေ ကြည်နူးနိုင်တဲ့လူတွေကျတော့ ကြည်နူးလို့ရတာပေါ့"

" ငါက ‌ကြာကြာနေမှ တစ်ခါတွေ့ရတာလေ မင်းလို အချိန်ပြည့်တွေ့နေရတာမှ မဟုတ်တာ"

သူပြောလိုက်မှ ထွဋ်ခေါင်က သက်ပျင်းအရှည်ကြီးတစ်ခုချလိုက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

"ငါတို့က မြင်သာမြင်မကြင်ရတဲ့ဘ၀ပါကွာ"

ထွဋ်ခေါင်ပြောတဲ့အဓိပ္ပာယ်ကို သက္ကရာဇ်ကောင်းကောင်းကြီးသဘောပေါက်တာကြောင့် ဘာမှဆက်မပြောတော့ပေ။ ဒီရက်ပိုင်း ဆရာ၀န်ရွက်က အလုပ်များနေတာကြောင့် စာသင်ချိန်လေးပဲ တွေ့ရသည်။ ပြီးတော့ စာသင်ပြီးရင်လည်း ထပ်မတွေ့ရတာကြောင့် ထွဋ်ခေါင်ကြေကွဲနေခြင်းပေ။ ဆရာ့အခန်းထဲသွားပါလားဟုပြောတော့လည်း သူကအလုပ်များနေတာလေကွာ ငါမနှောင့်ယှက်ချင်ဘူး ဟုပြောထားတာကြောင့် သက္ကရာဇ်လည်း ဘာမှလုပ်လို့မရပေ။

My dear male nurse (Complete)Where stories live. Discover now