My dear male nurse part 24

1.6K 49 0
                                    

၁၁လပိုင်းရောက်တော့ ပထမနှစ်သမားတွေက ဒုတိယနှစ်ကို ဆက်လက်တက်ကြရသည်။ အရင်ဆုံးစာတွေ့ကို သင်ကြားပြီး နှစ်လပြည့်မှ လက်တွေ့ပိုင်းကို ပြန်သင်ရသည်။ စီနီယာအကိုကြီးဖြစ်သွားပြီဆိုတော့ သက္ကရာဇ်တို့အဖွဲ့က ဂျူနီယာလေးတွေကိုကြိုဆိုဖို့ ပွဲကို အကုန်လုံး အားကြိုးမာန်တက်ဖြင့် ပြင်ဆင်နေကြသည်။

"ထွဋ်ခေါင်ရေ မင်းကို ဆရာ၀န်ရွက်က ခနလာခဲ့ပါအုန်းတဲ့"

"အော် အေအေ"

မီးအလှဆင်နေရင်း တံခါးပေါက်ဆီကနေ သူငယ်ချင်းတစ်ယောက်က လှမ်းအော်လိုက်တာကြောင့် ထွဋ်ခေါင် လုပ်လက်စကို ခနထားလိုက်ပြီး ကိုကို့ရုံးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

"ကိုကို မောင့်ကိုခေါ်တယ်ဆို"

"အော် မင်းက ငါခေါ်မှလာမယ်ဆိုတဲ့ သဘောပေါ့"

စာရေးခုံပေါ်မှာထိုင်ကာ မျက်မှန်ကြီးတပ်ပြီး သူ့ကိုဘုကြည့်ကြည့်နေတဲ့ ကိုကို့ကို ထွဋ်ခေါင် အသည်းယားမိသွားသည်။ သူကလည်း လွန်ပါသည်။စာကျက်နေရတာနဲ့ တစ်ပတ်လောက်ကိုကို့ကို ပြစ်ထားမိတာကို......

"အဲ့လိုသဘောမဟုတ်ပါဘူးဗျာ ကျွန်တော်စာကျက်နေရလို့ပါ"

"စောက်ပိုတွေမပြောနဲ့ မင်း fresher welcome အတွက်အားကြိုးမာန်တက်ကြိုးစားနေတာ ငါမသိဘူးမထင်နဲ့"

"ဘယ်ကသာ အားကြိုးမာန်တက်ရမှာလဲကိုကိုရ ကျွန်တော်က ဒီအတိုင်းလုပ်ကူတာပါ"

"တော်စမ်းပါ မင်းလျှာရိုးမရှိတိုင်း မပြောစမ်းနဲ့"

"မဟုတ်ပါဘူး ကျွန်တော်က...."

"တိတ်စမ်း ဘာဆင်ခြင်မှမသိချင်ဘူး"

ဒီပုံစံအတိုင်းဆို ကိုကို့ကို ချော့လို့ရမှာမဟုတ်မှန်းသေချာသည်။ကိုကိုကစိတ်ကြီးသလို တစ်ခုခုဆိုလည်း ပြတ်ပြတ်သားသားလုပ်ရမှကြိုက်သည်။ တစ်နည်းမဟုတ် တစ်နည်းချော့ရမှာပေါ့ ကိုကိုရာ...
ထို့နောက် ထွဋ်ခေါင်မျက်နှာကို အတတ်နိုင်ဆုံးငယ်အောင်ထားလိုက်ပြီး အသံကိုလည်း ချွဲပြစ်နေအောင် ပြောတော့သည်။

"ကိုကိုကလည်း......မောင်က ကိုကို့ကိုလွမ်းလို့ အပြေးလာရတာကို ကိုကိုကအဲ့လိုပြောတော့ မောင်စိတ်မကောင်းဘူး ဟွန့်"

My dear male nurse (Complete)Where stories live. Discover now