My dear male nurse 11

2.2K 89 4
                                    

ကော်ဖီဆိုင်တစ်ဆိုင်တွင် မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ လူနှစ်ယောက်။အပြင်ဘက်က မိုးဖွဲဖွဲလေးကျနေတာနဲ့အပြိုင် ဖွင့်ထားတဲ့သီချင်းက Westlife အဖွဲ့သီဆိုထားတဲ့ My Love သီချင်းခပ်အေးအေးလေးက ဆိုင်ထဲမှာ ပျံ့လွင့်နေတယ်။ လွှမ်း ကော်ဖီတစ်ငုံသောက်လိုက်ပြီး ခွက်ကိုပြန်ချကာ စကားစလိုက်သည်။

"ငါတို့စေ့စပ်ထားတဲ့ကိစ္စ လူကြီးတွေကို သေချာပြောပြီး ဖြတ်သိမ်းကြရအောင်"

"နင်ချစ်ရတဲ့သူရှိနေပြီလား"

လွှမ်း မျက်ခုံးတစ်ချက်ပင့်သွားသည်။

"နင်ဘယ်လိုသိတာလဲ"

ဟက်....

လွှမ်း မျက်ခုံးကျုံ့ပြီး ကြည့်လိုက်သည်။

"ရီစရာပါလို့လား"

"မဟုတ်ပါဘူး။ တစ်ခါမှ စေ့စပ်တာဖြတ်သိမ်းဖို့မပြောတဲ့သူက ရုတ်တရက်ကြီးထပြောတယ်ဆိုတော့ ငါတွေးလိုက်တာပြောကြည့်တာ မဆိုးပါဘူး ငါတော်သားပဲ"

"အဲ့တော့ ဘယ်နေ့ဖြတ်သိမ်းကြမလဲ"

"ဟိုး...
ဆရာ လောလှချေလား ဖြေးဖြေးပေါ့"

"မဖြေးနိုင်ဘူး သူတစ်မျိုးထင်သွားမှာ ငါမခံနိုင်ဘူး"

"သူမက တော်တော်ချောလား"

ကြယ်စင် ကော်ဖီသောက်ရင်း မေးတော့ လွှမ်းရဲ့အဖြေကို ကြားကြားချင်း ဆွံ့အ သွားခဲ့သည်။

"သူမ မဟုတ်ဘူး သူ"

"ဖူး..အဟွတ် နင်ဘာပြောလိုက်တယ် ပြန်ပြောစမ်း"

"ငါချစ်နေတာ ယောကျာ်းလေးတစ်ယောက် အဲ့တာကြောင့် အမြန်ဆုံး ဆုံး..... ဟိတ် ငါပြောတာကြားလား"

"လွှမ်း!!!နင်တစ်ကယ်ကြီးလားကွာ"

စက္ကန့်အနည်းငယ်လောက် သတိမကပ်တဲ့သူကို လက်နဲ့ယက်ခပ်ပေးကာ မေးနေရင်း ရုတ်တရက် ၀မ်းခေါင်းသံကြီးနဲ့ ထအော်တော့ ဆိုင်ထဲက လူများက လှမ်းကြည့်လာသည်။ လွှမ်း ဆိုင်ထဲက လူတွေကို တစ်ချက်ရီပြလိုက်ပြီး ကြယ်စင့်ဆီပြန်လှည့်ကာ ခေါင်းငြိမ့်ပြလိုက်ရသည်။ တကယ်ပါ ကြယ်စင်က တစ်ခါတစ်လေ သူ့ကိုယ်သူ ဆရာ၀န်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် မေ့တဲ့အထိ LGBT ကို ရူးသွပ်သည်။ရုပ်တည်ကြီးနဲ့လည်း ကြွတတ်သည်။ အဆိုးဆုံးက သူ့သူငယ်ချင်း ကျွန်တော့်ကို လင်အရမ်း ရစေချင်ဆုံးပဲ။

My dear male nurse (Complete)Where stories live. Discover now