စာသင်ချိန် နှစ်လပြည့်ပြီးနောက် ပထမနှစ်သင်တန်းသားတွေ ဆေးရုံမှာ လက်တွေ့ဆင်းရမှာဖြစ်တဲ့အတွက် Sister က အဖွဲ့ 8 ဖွဲ့ခွဲပေးလိုက်သည်။ တစ်ဖွဲ့မှာ 8ယောက်ရှိပြီး ပထမအဖွဲ့က Medical ward ကိုသွားရမှာဖြစ်ကာ ဒုတိယအဖွဲ့က Surgical ward စသဖြင့် အသီးသီးခွဲပေးထားပြီး ထွဋ်ခေါင်တို့အဖွဲ့က OPD သို့ တာ၀န်ကျသည်။
"မမြင်ချင်တဲ့လူနဲ့မှ အတူတူကျရတယ်လို့ကွာ "
သက္ကရာဇ်က အဖွဲ့စာရွက်ကို ကြည့်ပြီး သက်ပျင်းချသလိုပုံစံလုပ်ပြကာ ထွဋ်ခေါင်ကို စနောက်လိုက်တော့ .......
"မင်းနဲ့လည်း ဘယ်သူမှမနေချင်ဘူး။ Sister ခွဲပေးတာမို့လို့ နေနေရတာ"
"ဟုတ်လို့လား မင်းငါ၀င်တိုင်းလိုက်၀င်နေတာမလား"
"တော်စမ်းပါကွာ လျှောက်ပြောမနေနဲ့"
"အင်းပါ ဒါနဲ့ငါတို့အဖွဲ့က မရောက်လာကြသေးဘူးရော ဟိုကောင် ဖားပြည့် ကောပဲ"
"ဘယ်ကဖားပြည့်လဲ"
"လပြည့်ကို ငါနာမည်ပေးထားတာလေ ဖားကြောက်တတ်လို့ အဲ့ကောင်က"
"အော်"
ခနကြာတော့ သူတို့အဖွဲ့ထဲက သူငယ်ချင်းငါးယောက်ရောက်လာတော့ ထွဋ်ခေါင်က လှမ်းမေးလိုက်သည်။
"သားရီးတို့ ဖားပြည့်ကို မတွေ့ဘူးလား"
"ဘယ်က ဖားပြည့်တုန်းကွ"
"ဒီလိုကွ #$&£¢€¥®©™%✓]™{×π•'÷¶∆∆™%"
"အော်......"
သက္ကရာဇ်က ဆရာကြီးစတိုင်ဖြင့် အစအဆုံးရှင်းပြလိုက်မှ သူငယ်ချင်းတွေက အဲ့လိုလားဆိုတဲ့ အကြည့်တွေနဲ့သာ တုံ့ပြန်ပေးလိုက်သည်။
ခနကြာတော့ မုန့်ထုပ်ကိုပိုက်ကာ လျှောက်လာတဲ့ လပြည့်ကိုမြင်တော့ သက္ကရာဇ်တို့ အကြည့်တွေက စိန်ထက်တောင် တောက်ပြောင်နေသယောင်။ သေချာသလောက်ကတော့ သူ့အကြည့်တွေက လပြည့်ဆီကို မဟုတ်ဘဲ လပြည့်လက်ထဲက အရာ ကိုသာကြည့်နေကြောင်း ဗေဒင်တွက်စရာပင်မလို။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙