8:00pm 🕗
📞📞.. ထာ၀ရရင်ထဲ မပြောင်းလဲတတ်သူ....... မင်းရှေ့အရောက် ပြန်လာမယ်.......📞📞
"ဟဲလို ကိုကို"
"ကလေးလေး ဘာလုပ်နေလဲ"
"ထမင်းစားပြီးလို့ ပန်းကန်သွားဆေးနေတာ ကိုကို"
"ဟုတ်ပါပြီဗျာ"
"ဟုတ် ကိုကို ဘာပြောမလို့လဲ"
"အော် ဟုတ်သား မနက်ဖြန် လပြည့်နေဆိုတော့လေ ကိုကိုတို့ဘုရားသွားကြမလားလို့ အဲ့တာကလေးအားလား"
"အားတယ်လေ ကိုကို မနက်ဖြန် ကျွန်တော်ဂျူတီ မရှိဘူး"
"သိတယ်သိတယ် အဲ့တာကြောင့် ကိုကိုက ဖုန်းလှမ်းဆက်လိုက်တာ"
"ဟင် ကျွန်တော့်အချိန်ဇယားသိတယ်ပေါ့"
"အဲ့နေ့က Surgical sister နဲ့အတူ time table ဆွဲတာ ကိုကိုလေ"
"အာ ကျွန်တော်မေ့သွားတယ်"
"အင်း ကိုကိုနဲ့ပတ်သက်တာတွေဆို မေ့နေလိုက် wattpad ထဲက fic တွေများမေးလိုက်ရင် ဒိုးကနဲဒက်ကနဲ အလွတ်ရနေတယ်"
"အဲ့လိုမဟုတ်ပါဘူးနော် ကိုကို့ကိုလည်း နှုံးသားလေးထဲမှာ ထည့်ထားပါတယ်နော်"
"စကားတတ်တိုင်းပြောမနေနဲ့"
"ငြိုငြင်တာလား"
"မဟုတ်ရပါဘူးဗျာ အဲ့တာဆို ကိုကို မနက်ဖြန်ကလေးတို့အဆောင်မှာပဲ လာခေါ်လိုက်မယ်နော်"
"ဟုတ်ကဲ့ကိုကို စောင့်နေမယ်နော်"
"ဟုတ်ကဲ့ပါဗျာ"
"အရမ်းချစ်တယ်ဗျ"
"ပိုချစ်တယ်နော် ကလေးလေး"
ကိုကိုနဲ့ဖုန်းပြောပြီး သက္ကရာဇ် လိုင်းသုံးနေလိုက်သည်။ ထွဋ်ခေါင်နဲ့လပြည့်က night duty ကျနေတာကြောင့် တိုက်ခန်းထဲမှာ သူတစ်ယောက်တည်းဖြစ်နေသည်။ ကျောင်းပြီးသွားလည်း စဝ်စံထွန်းဆေးရုံမှာပဲပြန်ပြီး အလုပ်တွေရကြတော့ လူပျိုဆောင်မှာပြောင်းနေရသည်။ တစ်ခန်းကို သုံးယောက်အတူတူ လေးယောက်အတူတူနေရတာကြောင့် သက္ကရာဇ်တို့သုံးယောက် တစ်ခန်းတည်းအတူတူပေါင်းနေကြသည်။ စိတ်တူကိုယ်တူတွေမို့ ရန်ဖြစ်ကြတယ်ဆိုတာ မရှိသလောက်ရှားသည်။ တစ်ခါတစ်လေ ထွဋ်ခေါင်ရဲ့အစသန်မှုကြောင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့လပြည့်ကိုကြည့်ရင်း သူ့မှာမချော့ရဘဲ အရင်ရယ်နေရတဲ့ ရက်ပေါင်းများစွာလည်း ရှိပါသည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙