My dear male nurse part 28

1.3K 39 0
                                    

သက္ကရာဇ် ကိုကို့ရဲ့လုပ်ရက်ကြောင့် ရုတ်တရက် ကြောင်သွားပေမယ့်လည်း ကိုကို့ကို အခုလိုဖြစ်အောင်လုပ်တဲ့ အဓိက တရားခံက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတာကြောင့် အလိုက်တသိပင် ကိုကို့ရဲ့ အနမ်းတွေကြားထဲ လိုက်ပါစီးမြောလိုက်တော့သည်။

ရုတ်တရက် တင်းမာလာတဲ့ အရာကြောင့် လွှမ်း ကလေးကို နမ်းနေတာကို ရပ်လိုက်သည်။

"ဟို ကိုကို အိမ်သာခနသွားလိုက်အုန်းမယ်"

လွှမ်း ပြောပြီး ကုတင်ပေါ်မှဆင်းလိုက်ကာ ရေချိုးခန်းတံခါးဆီသိူ့ ရောက်ခါနီး အနောက်က အော်သံလေးကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။

"ကျွန် ကျွန်တော် ကူညီပေးရမလား"

တွဲလာတဲ့သုံးနှစ်တာကာလအတွင်း ကိုကိုက သူ့အပေါ်တစ်ခါမှ အခွင့်အရေးမယူခဲ့သလို ခွင့်လည်းမတောင်းခဲ့ပေ။ သူနဲ့နမ်းပြီးရင် ရေချိုးခန်းထဲ ပြေးပြေးသွားနေတာကို သူသတိထားမိသည်။ အရင်တုန်းက ကြောက်လို့ ဘာမှမပြောခဲ့ပေမယ့်လည်း သူလည်းအရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ယောကျာ်းလေး သဘာ၀ခံစားချက်ကို နားလည်မိသည်။

"ဟင်"

"ကိုကိုဖြစ်နေတဲ့ ပြဿနာကို ကျွန်တော်ကူညီပေးရမလားလို့"

သက္ကရာဇ် ရှက်ရှက်နဲ့ပဲ မျက်စိစုံမှိတ်ကာ အော်လိုက်တော့ ဘာတုံ့ပြန်သံမှမကြားရတာကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့ ကိုကိုက ကုတင်ပေါ်မှာထိုင်နေတဲ့သူ့ကို ဘေးကနေ လက်တစ်ဖက်တစ်ချက်ဆီ ထောက်ပြီး စိုက်ကြည့်နေသည်။

"ကလေး တကယ်ပြောနေတာလား"

"မဟုတ်ဘူး နောက်နေတာ"

ရှက်နေတဲ့သူ့ကို ကိုကိုက မယုံသလိုမေးနေတာကြောင့် စိတ်ဆိုးမိသွားသည်။ အဲ့လောက်ထိ ရေမြောင်းဖောက်ထားပေးတာတောင် စီးဆင်းရကောင်းမှန်း မသိသေးဘူး။ သက္ကရာဇ် ကိုကို့ကို တွန်းပယ်လိုက်ကာ ကုတင်ပေါ်က ဆင်းမယ်လုပ်တော့ သူ့လက်ကို ဆောင့်ဆွဲလိုက်ပြီး ကုတင်ပေါ်သိူ့ တွန်းလှဲလာတဲ့ ကိုကိုရယ်ပါ။

"ဘာတုန်း သူများအပြင်ထွက်မလို့ပါဆို "

"အပြင်ထွက်ပြီး ဘာလုပ်မှာလဲကွာ ကိုကိုနဲ့နေလေ"

My dear male nurse (Complete)Where stories live. Discover now