မိုင်းသောက်ကနေ ပြန်ရောက်လာပြီး ခရီးပန်းလာတာကြောင့် သက္ကရာဇ်တို့ ခြောက်ယောက်လုံး အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ဖျာခင်းပြီးတစ်ရေးတစ်မောလောက် အိပ်လိုက်ကြသည်။ ပင်ပန်းလွန်းလို့ မည်မျှကြာသွားသည်မသိ ညနေခင်း ၆နာရီ ဘုရားဗြောခေါက်သံကြားမှ နိုးလာကြသည်။
"သားတို့ရေ ညနေစောင်းနေပြီ ထကြတော့ နေမကောင်းဖြစ်လိမ့်မယ်"
အမေဖြစ်သူရဲ့အသံကြားတော့ သက္ကရာဇ် အိပ်ချင်မူးတူးနဲ့ ဘယ်ဘက်လက်မှာ ၀တ်ဆင်ထားတဲ့ နာရီကို ကြည့်လိုက်သည်။
"၆နာရီတောင်ထိုးပြီလား ထပြီအမေရေ"
"အကုန်လုံးကို နှိုးပြီး ထမင်းလာစားတော့"
"ဟုတ် အမေ"
သက္ကရာဇ် ကျန်တဲ့သူတွေကို နှိုးမယ်လုပ်တော့ သူနဲ့ ဆရာလွှမ်း မှလွဲ၍ မည်သူမျှမရှိနေ။ အကုန်လုံး အိမ်ပေါ်သို့ ရောက်နှင့်နေကြပြီဖြစ်သည်။
"ဟိုကောင်တွေ အိပ်ယာထတာ ငါ့လည်းမနှိုးကြဘူး"
တစ်ယောက်တည်း ပွစိပွစိရွတ်နေရင်းနဲ့မှ ဘေးက ဆရာကိုပါ တစ်ခါတည်း နှိုးလိုက်သည်။
"ဆရာ ညနေစာင်းနေပြီ ထတော့ဗျ"
ဆရာ့ဘက်က တုံ့ပြန်မှုမရတော့ နောက်တစ်ခေါက် ထပ်ခေါ်လိုက်သည်။
"ဆရာ ထတော့ဗျ ညနေရောက်နေပြီ"
"ဆရာ..."
"ဆရာ ဗျ"
သက္ကရာဇ် ဆရာမထသေးလို့ ဆရာ့ရဲ့ လက်မောင်းကို ကိုင်လှုပ်ပြီးနှိုးလိုက်တော့ ခြေဖျား လက်ဖျားတွေပူကျစ်နေသည်။
"ဟင် ကိုယ်တွေပူနေတယ်ကော နေ့လည်က အပူရှပ်သွားတာလား"
ကြည့်ရတာ မိုင်းသောက်တံတားမှာ နေပူပူနဲ့ခြေထောက်ရေစိမ်လိုက်လို့ထင်တယ်။
"ကျစ် ဆရာကတော့ကွာ......"
ဒီလောက်ဖျားနေတာကို မသိရကောင်းလားဆိုပြီး ကိုယ့်ဘာသာကိုယ် မချိကဲ့တင်ရေရွတ်လိုက်ပြီး အိပ်ယာထကာ အိမ်နောက်ဘက်သို့အမြန်ပြေးသွားလိုက်သည်။ ထို့နောက် စတီးဖလားတစ်ခုနဲ့ မျက်နှာသုတ်ပုဝါတစ်ခုယူလာပြီး ဆရာ့ဘေးထိုင်ချလိုက်ကာ မျက်နှာသုတ်ပုဝါကို ရေစွတ်လိုက်၍ ရေညှစ်ချလိုက်ပြီး ဆရာ့နှဖူးကို အရင်သုတ်လိုက်သည်။ ထို့နောက် စာမှာသင်ထားတဲ့အတိုင်း တစ်ဆင့်ချင်းစီသုတ်တော့ ဆရာ့ခန္ဓာကိုယ်က အနည်းငယ်တော့ အေးလာတယ်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙