My dear male nurse part 26

1.5K 44 1
                                    

နေမင်းကြီးက အနောက်ဘက်ကောင်းကင်ဆီကနေ တောင်းတန်းတွေကြားထဲသို့ စတင်၀င်ရောက်ခိုအောင်းသွားချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံးဆီသို့ ပုစွန်ဆီရောင်အလင်းတန်းများ ဖြန့်ကျက်သွားခဲ့သည်။အလင်းရောင်များက စိန်ပန်းပင်ကြီးပေါ်သို့ ကျရောက်လာကာ ထိုသစ်ပင်အောက်ကခုံတန်းလေးပေါ်မှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ပေါ်သို့လည်း သစ်ရွက်ကြားများမှတစ်ဆင့် ကျရောက်နေပြန်ပါသေးသည်။

သက္ကရာဇ်သူ့ကို စိုက်ကြည့်နေတဲ့ ကိုကို့ကို ဘာပြောရမှန်းမသိ။ ညာဘက်လက်မှာ ပတ်တီးအဖွေးသားနဲ့ရှိနေတဲ့သူ့ကို ကိုကိုက ဆွေးဆွေးမြေ့မြေ့လေးကြည့်နေသည်။ သူ့ရဲ့လက်မောင်းကို ကိုကို့ရဲ့လက်နှစ်ဖက်ဖြင့် အနူးညံ့ဆုံးပင့်တင်ရင်းကိုင်လိုက်ကာ သက်ပြင်းဖွဖွချကာ ဆိုသည်။

"အရမ်းနာနေလား ကလေး"

"သိပ်မနာဘူးကိုကို ကျွန်တော်အဆင်ပြေပါတယ်"

"ကျောက်ပတ်တီးစီးထားတာဆိုတော့ လက်ကလှုပ်ရှားရတာ နည်းနည်းတောင့်နေလိမ့်မယ်။ ကြယ်စင်က တစ်လလောက်စီးရမယ်လို့ ကိုကို့ကို ပြောတယ် ကိုကို့အပြစ်ပါ ခလေးရယ် ကိုကိုသေချာဂရုမစိုက်မိလို့ ကလေးခုလိုဖြစ်ရတာ ကိုကို့အမှားပါ ခလေးရယ် ကိုကိုပေါ့ဆမိတာပါကွာ"

ခေါင်းငုံ့ကာ သူ့အပြစ်ပါဟု တစ်ဖွဖွပြောဆိုနေတဲ့ကိုကို့ဘေးဆီသို့ သူအမြန်ကပ်သွားလိုက်ပြီး အကောင်းပတိကျန်နေတဲ့ ဘယ်ဘက်လက်ဖြင့် ကိုကို့မျက်နှာလေးကို ကိုင်လိုက်သည်။

"ဘာလို့ ကိုကို့အပြစ်ဖြစ်ရမှာလဲ  ကျွန်တော် ပေါ့ဆမိလို့ဖြစ်ရတာလေဗျာ။ ကျွန်တော့်ကို အမတွေဆူမှာဆိုတဲ့ ကြောက်တဲ့စိတ်တစ်ခုနဲ့ ကိုကို့ဘက်မကြည့်ဘဲ လုပ်မိတာ ကျွန်တော့်အပြစ်ပါ ကိုကို့အပြစ်မဟုတ်ပါဘူး"

"....................."

"ကိုကို ကျွန်တော့်ကို ချစ်လားဟင်"

"ချစ်တာပေါ့ကွာ ပြောမပြတတ်အောင်ဘဲ"

"အဲ့တာ‌ဆို ကျွန်တော်ပြောတာနားထောင်ပေးနော်ကိုကို။ ကိုကို့စိတ်ထဲ ကျွန်တော်က ကိုကို့ကြောင့် ဒဏ်ရာရတာလို့ မတွေးလိုက်ပါနဲ့ ကျွန်တော်ပေါ့ဆလို့ဖြစ်ရတဲ့ကိစ္စမှာ ကိုကိုက အဲ့လိုကြီးတွေးနေရင် ကျွန်တော်လည်း စိတ်မကောင်းဘူးလေ။ ကျွန်တော်လည်း နောက်ဆို ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် ဆင်ခြင်ပါ့မယ်နော်။ ကိုကိုလည်း ဒီစိတ်ကြီးကို ခေါင်းထဲကနေထုတ်ပစ်လိုက်တော့နော်။ ပတ်တီးကလည်း တစ်လပဲစီးရမှာပဲဟာ ပြီးရင် သက်သာသွားမှာပဲလေ နော်ကိုကို ကျွန်တော်ပြောတာကြားလား"

My dear male nurse (Complete)Where stories live. Discover now