တစ်နေ့သောညနေခင်းချိန်လေး......
စိန်ပန်းပွင့်တွေ ဝေဆာပျံ့ကြဲနေတဲ့ မြက်ခင်းစိမ်းပေါ်တွင် ထိုင်နေကြတဲ့ သူငယ်ချင်းလေးယောက်။ မိုးရွာပြီးခါစမို့ မြေနံ့သင်းသင်းလေးနဲ့ လေထုကလည်း သန့်ရှင်းလတ်ဆတ်နေသည်။ စိန်ပန်းပွင့်နှင့်အပြိုင် လိပ်ပြာကလေးများကလည်း သူတို့အနီးတစ်ဝိုက်မှာပင် ကြည်စယ်လျက် လှည့်ပတ်သွားလာနေသည်။သက္ကရာဇ် လေကြောင့်ရှုပ်ပွနေတဲ့ ဆံပင်ကို အထက်သို့ လက်ဖြင့် တစ်ချက်သပ်တင်လိုက်ပြီး စကားစသည်။
"ပျင်းလိူက်တာ ငါ့ကောင်တို့ရာ..."
သက္ကရာဇ်တစ်ယောက် သက်ပျင်းချကာ ပြောတော့ လပြည့်က ဖုန်းသုံးရင်းကြည့်လာသည်။
"ပျင်းရင် ဘာလုပ်ချင်လို့လဲမင်းက"
ထွဋ်ခေါင်က မေးတော့ သက္ကရာဇ်က ငါလည်းမသိပါဘူးကွာ ဆိုပြီး ခေါင်းခါပြသည်။ နောက်ဆုံးကျန်တဲ့ နေလင်းက သူတို့ပြောနေတာတွေ နားထောင်ကာ တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် အကြံတစ်ခုရလာဟန် လက်ဖြောက်တစ်ချက်တီးလိုက်သည်။
တောက်။။
"ငါအကြံတစ်ခုရပြီ"
"ဘာလဲကွ"
"ငါတို့ ဘီယာခိုးသောက်ရအောင်"
ဘီယာအသံကြားတော့ ထွဋ်ခေါင်က ပြာပြာသလဲဖြင့် ငြင်းဆန်သည်။
"ဟိတ် အားလုံးပဲ ငါမလိုက်ဘူးနော်"
နေလင်းက ထွဋ်ခေါင်ကို မျက်ခုံးနှစ်ဖက် ကျုံ့ကာကြည့်သည်။
"မင်းလိုကောင်က ဘီယာဆိုင်မသွားရတဲ့ အကြောင်းအရင်း ပြောပါအုန်း"
"အဲ့နှစ်ကောင်ပါရင် ငါဘီယာဆိုင်လုံး၀မသွားဘူးလို့ သံဓိဌာန်ချထားတယ်"
တစ်ချိန်လုံးငြိမ်နေတဲ့ လပြည့်က ထပြောသည်။
"မင်းကလည်းကွာ ငါတို့မှ မသောက်ဖူးတဲ့ ဟာရီးကိုလို့ အခုတစ်ခေါက်တော့ နည်းနည်းလေးပဲ သောက်မယ်လေနော်"
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙