ရောင်စုံမီးများရဲ့အောက်မှာ ပျော်ရွှင်စွာ ကခုန်နေကြတဲ့ လူငယ်များကြားထဲတွင် စိတ်လွတ်ကိုယ်လွတ်ပျော်မြူးနေကြတဲ့ ကောင်လေးနှစ်ယောက်နှင့် ဆူပုတ်ပြီးထိုင်နေတဲ့ ကောင်လေးတစ်ယောက်။
ထွဋ်ခေါင် အရက်ကို တစ်ကြိုက်တည်းမော့သောက်လိုက်ပြီး ရှေ့မှာမူးပြီးကနေတဲ့နှစ်ယောက်ကို မမှိတ်မသုန်စိုက်ကြည့်နေလိုက်သည်။ခွေးကောင်နှစ်ကောင် ငါကလည်း ခေါ်လာရသေးတယ် ငါ့ကိုမေ့ပြီး ပျော်ပါးနေလိုက်ကြတာ။ အဲ့လောက်မူးရူးနေတာ အဆောင်ကို ဘယ်လိုခေါ်ပြန်ရမလဲ မသိဘူး....ငါတော့ သေသာ သေလိုက်ချင်တယ်။
VIP အခန်းထဲမှာ အရက်ခွက်ကိုကိုင်ရင်း ထိုင်နေတဲ့ လူတစ်ယောက်။ အင်္ကျီအဖြူရောင်ကို ကြယ်သီးသုံးလုံးဖြုတ်ထားကာ လက်ခေါက်တင်ထားပြီး စတိုင်ပန်အနက်ရောင်ကို ဝတ်ဆင်ထားသည့်အပြင် လက်မှာပတ်ထားသည့် Rolex နာရီက ထိုလူ၏ ခန့်ညားမှုကို ပံ့ပိုးပေးနေသယောင်။ တိကျသေသပ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့ စူးရှတဲ့ မျက်ဝန်းတစ်စုံ။ ဆံပင်ကို ဂျယ်နဲ့သပ်တင်ထားပြီး V ပုံသဏ္ဌာန်မေးရိုးထင်းထင်းက အကြည့်မလွှဲချင်စရာ။
"ဘောစ့် အင်းလေးမှာ ဟော်တယ်ဆောက်ဖို့အတွက် တစ်ဖက်က ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုဖို့ မနက်ဖြန် အချိန်ညှိလိုက်ရမလား''
"မနက်ဖြန် မညှိနဲ့အုန်း မနက်ဖြန် ရက်ချိန်းလူနာရှိတယ်။ သပတ်ခါ နေ့လည် ၂နာရီ ချိန်းလိုက်''
"ဟုကဲ့ဘောစ့်''
"တင်ပြစရာ မရှိတော့ရင် ငါပြန်တော့မယ်''
"ကျွန်တော်လိုက်ပို့ပေးရမလား ဘောစ့်''
"ရတယ် မင်းဆိုင်ကို ကြီးကြပ်ထားလိုက်''
"ဟုကဲ့ဗျ။ ကောင်းကောင်းပြန်ပါ''
"ခံစားရတဲ့ဝေဒနာတွေကို ဖွင့်ဟထုတ်လိုက်တော့ နေလို့ထိုင်လို့ကောင်းလိုက်တာ..အေ့''
သက္ကရာဇ်တစ်ယောက် ကလိုက် ဘီယာသောက်လိုက် Toilet သွားလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။ အခုလည်း Toilet ကအပြန် ယိုင်တိုင်ယိုင်တိုင်နဲ့ လမ်းလျှောက်လာပြီး အခန်းတစ်ခန်းရှေ့မှာရပ်နေတဲ့ လူတစ်ယောက်ကို ထွဋ်ခေါင်အမှတ်နဲ့ လှမ်းခေါ်လိုက်သည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙