နောက်တစ်နေ့မနက်ရောက်တော့ သက္ကရာဇ်နဲ့ထွဋ်ခေါင် သင်တန်းကျောင်းထဲက အဆောင်မှာနေဖို့ ပစ္စည်းတွေသယ်လာတော့ ဝန်ထမ်းအကိုကြီးတစ်ယောက်က လာခေါ်ပြီး သူနဲ့အတူ အခန်းတွေကို လှည့်ပတ်ကြည့်နေကာ သူညွှန်ပြတဲ့ အခန်းထဲကို ဝင်ကြည့်လိုက်သည်။
"ညီလေးတို့နေရမဲ့ အခန်းက ဒီအခန်းပဲ.... တစ်ခန်းကို 4ယောက် နေရမှာ။ ညီလေးတို့အခန်းက နံပါတ် 14 မှတ်ထားနော်''
"ဟုတ်ကဲ့ဗျ။ ကျေးဇူးပါ ''
"ပြီးရင် Sister ကမှာလိုက်တယ် ခန်းမထဲမှာ လူစုရမယ်လို့။ ညီလေးတို့ မြန်မြန် အဝတ်လှဲပြီးတာနဲ့ ထွက်လာခဲ့လိုက်ကြနော်''
"ဟုတ်ကဲ့ အကို....ကျွန်တော်တို့ ထွက်လာခဲ့ပါ့မယ်ဗျ''
"Okok အဲ့တာဆို အကိုသွားတော့မယ်။ ''
"ဟုတ်ကဲ့ ကျေးဇူးပါဗျ''
သက္ကရာဇ်နဲ့ထွဋ်ခေါင် ပစ္စည်းတွေ မြန်မြန်ချ အဝတ်အစားလှဲပြီး ခန်းမဆီသို့ ထွက်လာခဲ့လိုက်ကြသည်။ ခန်းမထဲရောက်တော့ သက္ကရာဇ်တို့နှစ်ယောက် ညာဘက်ထောင့်က သုံးတန်းမြောက်ခုံမှာ နေရာယူလိုက်ကြသည်။
"ဒီမှာ လူရှိလားဗျ''
ထွဋ်ခေါင် အသံလာရာလှမ်းကြည့်လိုက်တော့ အသားဖြူဖြူ မျက်မှန်ဝိုင်းလေးနဲ့ကောင်လေးတစ်ယောက်။ အရပ်လေးက သက္ကရာဇ်ထက် ပုမဲ့ပုံပေါ်သည်။ ဘယ်လိုကောင်လဲဟ နုနုဖတ်ဖတ်နဲ့ သူနာပြုလာလုပ်နေသေးတယ်။ မတော်လို့ ခွဲစိတ်နေရင်း မေ့လဲသွားမှ လူနာကိုမပြုစုရဘဲ သူ့ကိုပဲထိုင်ပြီးပြုစုနေရမည့်ပုံ......
ဒေါက်......အ..
အတွေးထဲနစ်မျောနေရင်းမှ သက္ကရာဇ်ရဲ့ လက်သံပြောင်မှုကြောင့် ထွဋ်ခေါင်လည်း ရှက်ရှက်နဲ့ ချောင်းတစ်ချက်ဟန့်ပြီး နေလိုက်တော့ အနှီကောင်လေးထံမှ ရီသံသေးသေးလေး ကြားလိုက်ရသည်။
"ဟေ့ကောင် မင်းရီလိုက်တာလား''
"မ... မဟုတ်ပါဘူး။ ငါ ငါဒီအတိုင်း ရီပြတာပါ''
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙