⏰ ကလင် .......ကလင်...... ⏰
"အွန်း.....အိပ်ချင်သေးတယ် အမေရေ....ကျောင်းမသွားချင် ..ဘူး... ဟူး ဟူး ဟူး...."
"ဒါပေမယ့်လည်း မဖြစ်သေးပါဘူးလေ တိုင်ပြည်နှင့်လူမျိုးအတွက် ကိုယ့်တာ၀န်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ရမှာဆိုတော့လည်း ထ ရအုန်းမှာပေါ့"
သက္ကရာဇ်တစ်ယောက် စကားကြီးစကားကျယ်တွေပြောပြီး ကော့တော့ကော့တော့နဲ့ ရေချိုးခန်းဆီသို့ ဦးတည်လာခဲ့သည်။ ရေချိုးခန်းတံခါးက ပိတ်ထားတော့ အထဲမှာ လူရှိနေပုံရသည်။
* လူအများကြီးနဲ့ နေရတာ အဲ့ဒါတွေအဆင်မပြေတာပါဘဲ....ငါသာ ဆေးရုံအုပ်ကြီးဖြစ်ရင် အခန်းတစ်ခန်းကို အိမ်သာတစ်လုံးဆီကို ဆောက်ပြစ်ပေးအုန်းမှာ......*
"တစ်ရက်တစ်လေလေး ရေမချိုးလိုက်လို့လည်း သက္ကရာဇ်တို့က နံစော်မသွားဘူး။ မနက်ဖြန်မှ ချိုးတော့မယ် ဟဲဟဲ"
သက္ကရာဇ်တစ်ယောက် အခန်းထဲပြန်၀င်လာတော့ ထွဋ်ခေါင်ကို မတွေ့သဖြင့် အခန်းဖော်တစ်ယောက်အားမေးလိုက်သည်။
"နေလင်း ထွဋ်ခေါင်ကို တွေ့မိသေးလားကွ"
"အေး သူ့အိမ်ကလာတယ်ဆိုလားဘဲ ဂိတ်တဲနားသွားလိုက်တယ်။ မင်းကိုလည်းမှာလိုက်တယ် အ၀တ်အစားလှဲပြီး လိုက်လာခဲ့တဲ့ သူထမင်းစားရင်း စောင့်နေမယ်တဲ့"
"Okok သားရီး ကျေးဇူးပဲ"
"ရတယ်"
"မင်းကော ထမင်းမစားဘူးလား"
"ဒီနေ့က ၀က်သားချက်တာဆိုတော့ ငါမကြိုက်ဘူးလေ"
"မင်းဗိုက်ဆာနေအုန်းမယ်"
"ရတယ် မုန့်ပဲစားလိုက်မယ်"
"Okok အဆင်ပြေရင်ပြီးရော "
သက္ကရာဇ်လည်း မျက်နှာသစ် အ၀တ်အစားလှဲပြီး ထမင်းစားဆောင်ဆီသို့ လာခဲ့လိုက်သည်။ ဟိုရောက်တော့ ထမင်းမစားဘဲ ထမင်းပန်းကန်ကို ကသိုင်းရှုနေတဲ့ ထွဋ်ခေါင်ကို တွေ့လိုက်ရသည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙