စနေနေ့ နံနက် ၈ နာရီ ။
နံနက်ခင်း နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်ကနေတစ်ဆင့် ဖြန့်ကျက်လာကာ မျက်နှာပေါ်သို့ကျရောက်နေတာကြောင့် သက္ကရာဇ်တစ်ယောက် အိပ်ချင်မူးတူးနဲ့ခေါင်းထောင်လိုက်ပြီး ဘေးကထွဋ်ခေါင်ရဲ့ခေါင်းကို လှမ်းပုတ်၍ ပြောလိုက်သည်။
" ထွဋ်ခေါင် ဟိုဘက်တိုး"
"အွန်း ဘာတုန်းကွာ"
"ငါ့မျက်နှာနေထိုးနေလို့ ဟိုဘက်တိုးလို့"
"အင်းးးး"
ထွဋ်ခေါင်က နံရံဘက်ကို တိူးကပ်ပြီး ပြန်အိပ်နေတော့ သက္ကရာဇ်ကလည်း သူ့ဘက်ကိုတိုးပြီး ၀င်အိပ်လိုက်သည်။
"သားတို့ရေ ဒီမှာ ဧည့်သည်ရောက်နေတယ်ကွဲ့"
"ပြန်လွှတ်လိုက်အမေရာ"
"ဟဲ့ ဘယ်လိုတွေပြောနေတာလဲ တစ်ချက်ထွက်ကြည့်အုန်း"
သက္ကရာဇ်က ဆက်အိပ်ချင်နေသေးတာကြောင့် လပြည့်ကိုပဲ ခြေထောက်နဲ့ကန်လိုက်ပြီး ပြောလိုက်သည်။
"လပြည့် တစ်ချက်သွားကြည့်ပေးကွာ ငါအိပ်ချင်သေးလို့"
"ဝါးးး ထပြီကွာ ထပြီ။ တကယ်အာရုံပဲမင်းက ကွကို မထဘူး"
လပြည့် အိပ်ချင်မူးတူးနဲ့ မျက်လုံးပွတ်ပြီး အိမ်ပြင်ဘက်ကို ကြည့်လိုက်တော့ အိမ်ရှေ့မှာရပ်နေတဲ့ လူသုံးယောက်ကိုမြင်ပြီး မျက်လုံးအစုံဟာ ပြူးကျယ်သွားခဲ့သည်။
"ဗုဒ္ဓေါ"
"ခေါင်ခေါင်နဲ့ရောင်ရောင်ရေ ထွက်ကြည့်စမ်းပါအုန်းဟ"
လပြည့်ရဲ့ မနက်ခင်း သာယာနာပျော်ဖွယ်အသံကြီးကြောင့် ထွဋ်ခေါင်နဲ့သက္ကရာဇ်လည်း ဆက်မအိပ်တော့ဘဲ ထလာခဲ့လိုက်သည်။
"သူတောင်းစားတွေ ငါပြန်လာတာကို ဘယ်လိုသတင်းရကြတာလဲ မသိဘူး"
သက္ကရာဇ် စိတ်ပေါက်ပေါက်နဲ့ ပုဆိုးပြင်၀တ်လိုက်ပြီး အိမ်ရှေ့ထွက်လာကာ မနက်စောစော အိမ်လာလည်တဲ့ သူတွေကို သူ့သူငယ်ချင်းတွေဟုထင်မှတ်ပြီး ဆဲမယ်လုပ်ခါမှ မြင်တွေ့လိုက်ရတဲ့အရာကြောင့် ဆွံ့အ သွားခဲ့သည်။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙