"ဟား.....အဆောင်အပြင်ကို ခိုးထွက်ရတာပျော်လိုက်တာ"
သက္ကရာဇ်တစ်ယောက် စာသင်ချိန်ပြီးသွားတော့ အစောင့်တွေမသိအောင် အပြင်သို့ခိုးထွက်လာခဲ့သည်။ သွားစရာနေရာလည်း မရှိတော့ ဆေးရုံ၀င်းထဲ ပတ်သွားမည်ဟုဆိုကာ ဦးတည်ရာမရှိ လျှောက်သွားနေမိသည်။
"ဒီဘက် ၀န်ထမ်းအိမ်ရာတွေက ရှယ်လန်းပါလား"
စိတ်ကျန်းမာရေးအဆောင်ကနေ အောက်တန်းတန်းဆင်းသွားတော့ တစ်ထပ်တိုက် အဆောင်တွေကိုတွေ့ရပြီး နောက်ဆက်သွားရင် ၄ထပ်ဆောင် ကြီးတွေကို တွေ့ရသည်။ အဆောင်အပြင်ကို ခိုးထွက်လာပြီး ၀န်ထမ်းအိမ်ရာတွေကို လျှောက်ပတ်ကြည့်ရဲတဲ့ သက္ကရာဇ်ရောင်ဝေလင်းရဲ့ အာဂသတ္တိက လေးစားလောက်ပါပေတယ်။
ထို့နောက်ပြန်လှည့်လာကာ လျှောက်ပတ်ကြည့်နေရင်း ထိုင်ခုံမှာထိုင်နေတဲ့ ဟိုဆရာ၀န် ကိုမြင်တော့ သက္ကရာဇ်ထွက်ပြေးဖို့လုပ်နေပေမယ့် သေချာပြန်ကြည့်လိုက်တော့ သူ့ပုံစံက ငိုနေတဲ့ပုံပေါ်သည်။ သက္ကရာဇ် မစပ်စုချင်ပေမယ့်လည်း သူများငိုနေတာကို မမြင်ရက်တော့ ထိုလူ့ဆီကို လျှောက်သွားလိုက်သည်။
*အိမ်က မုန့်ဖိုးမပို့လို့ ငိုနေတာလား မသိဘူး။ငါ့မှာလည်း ပိုက်ဆံမပါလာဘူး... ဘာပဲဖြစ်ဖြစ် ငိုနေတော့လည်း သွားအားပေးရမှာပေါ့*
ထွဋ်ခေါင်က တစ်ခါတစ်လေ မုန့်ဖိုးကုန်ရင် အိမ်ကိုဖုန်းဆက်ကာ ငိုယိုပြီး အိမ်ကိုဘယ်လောက်လွမ်းတဲ့အကြောင်းတွေ ပြောပြတတ်ပြီး အိမ်ပြန်လာချင်ပေမယ့် ပိုက်ဆံမရှိဘူး အစရှိသမျှ ဂွင်ဆင်တတ်သည်။ ဒီတစ်ယောက်ကိုလည်း အဲ့လိုမျိုးထင်ကာ သူ့ဆီသို့ လျှောက်သွားလိုက်သည်။
"ဒီမှာဗျ"
လွှမ်း ခန့်အိမ်ကအပြန် မိဘတွေအကြောင်းတွေးမိရင်း ငိုချင်လာလို့ အိမ်မပြန်ဘဲ အဆောင်ဆီသို့လာကာ အဆောင်ရှေ့က ထိုင်ခုံမှာထိုင်ရင်း ငိုနေမိတော့သည်။ သူ10တန်းတက်မဲ့နှစ်မှာ အဖေအမေဆုံးသွားပြီးနောက် သူတစ်ယောက်တည်း ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို လျှောက်ခဲ့ရသည်။ ခန့်မိဘတွေ သူ့အပေါ်တစ်ခါကောင်းတိုင်း သူတစ်ခါအားနာရသည်။ သားအရင်းလို ချစ်ပေးတဲ့အတွက် သူအတိုင်းမသိ ၀မ်းသာမိသည်။ သူ့ဘ၀မှာ ခန့်မိသားစုနှင့် သူ့သူငယ်ချင်းသုံးယောက်ကလွဲ၍ မည်သူမျှမရှိခဲ့။ အဖေနဲ့အမေကို သူသိပ်လွမ်းသည် သူများတွေ မိဘတွေနဲ့ပျော်နေတာမြင်ရင် သူသိပ်သတိရသည်။ သူမေတ္တာငတ်နေခဲ့တာ ကြာခဲ့ပြီ။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙