Part.1🖤(U+Z)✔️

15.5K 607 20
                                    


Unicode

" သူ့ကို တွေ့အောင်ရှာမှ ဖြစ်မယ် ရတိ!
မနက်ဖြန် Project အသစ်အတွက် စားရင်းဇယားတွေက
သူ့လက်ထဲမှာ,မင်းလွင် တို့ဘက်ကအခြေအနေရော,
ငါတို့ကို လာနွယ်နေတာမျိုး မကြိုက်ဘူးနော် ၊
ရှင်းစရာရှိရင် ခုကတည်းက အပြတ်ရှင်းထား "

" ခုကိစ္စမှာ သူတို့ဘက်က နွယ်စရာ
ဘာအကြောင်းမှမရှိဘူး ကဓံ ။
ခုချိန် အရေးကြီးတာက ဒေး!
မင်းလွင်တို့က ဒေးကို တေးနေကြတာ!
ခုလည်းကြည့် မနေ့ကတည်းက ပြင်ဦးလွင်ဘက်
တက်သွားတာ ခုထိဆက်သွယ်လို့မရဘူး "

" ငါပြောတယ် ၊ အဲ့ကောင် ဘယ်တော့မှ
ငါ့စကားကိုဆို နားမထောင်ဘူး "

လောကဓံသာရဲ့ စကားကို ထောက်ခံတဲ့ အနေနဲ့
ရတိတစ်ယောက် သောက်လက်စCoffee
ခွက်ကလေးကို ကောက်ကိုင်ကာ တစ်ခြိုက်
မော့သောက်သည် ။ ပြီးမှ စားပွဲပေါ် ခပ်ဖွဖွ
ပြန်ချကာ_

" ဘယ်သူ့စကားကိုများ အဲ့ကောင်နားထောင်လို့လဲ!
ဒီမှာ ကမ္ဘာပေါ်မှာလေ အဲ့ကောင် တစ်ယောက်ယောက်
စကားများနားထောင်ခဲ့ရင် ငါခုပိုင်တဲ့ ရှယ်ယာတွေ
အားလုံး အဲ့လူကို ပေးပစ်လိုက်မယ် ။
အလကား အဲ့ကောင်ကို ပြောရတာ တကယ်အရူးလိုပဲ "

ဒေး အကြောင်းပြောရင်း နှစ်ယောက်စလုံးရဲ့ ရယ်သံက
coffee bar အတွင်း ခပ်လွင့်လွင့်ထွက်လာသည်။
နှစ်ဦးစလုံးက Private room မှာမို့သူတို့အသံကို
အပြင်လူမကြားရ ။

တကယ်ဆို သူတို့သူငယ်ချင်းသုံးယောက်အတူ
ပူးပေါင်းဖွင့်လှစ်မယ့် ပြင်ဦးလွင်ဘက်က
DLT Hotel အသစ်ရဲ့
Project အတွက် ပြင်ဦးလွင်ဘက်သို့
မြေနေရာ သွားကြည့်တဲ့ ဒေးဆိုတဲ့
သူတို့သူငယ်ချင်းအား သူတို့ အဆက်အသွယ်မရ ။
ဆက်သွယ်၍ မရဘူးဆိုတာထက် ထိုကောင်
တစ်ခုခုဖြစ်နေပြီဆိုတာ သူတို့သိ၏ ။

ဒီ့အတွက် သူတို့နှစ်ဦးစိတ်ထဲ
စိုးရိမ်ပူပန်ခြင်းမျိုးတော့မရှိ ။

ဘာကြောင့်ဆို ဒေးအကြောင်း
သူတို့ကောင်းကောင်းသိ၍ပင် ဖြစ်သည် ။

ဒီကောင် ဒေးဆိုတဲ့ ကောင်က
ပဟေဋိဆန်တဲ့ ကောင် ။
သူ့ဘက်က သူများကိုအရင် ရန်မစတတ်သလို
သူ့ကို အရင်ရန်စတဲ့သူတွေဟာလည်း
ဘယ်တော့မှ ကောင်းကောင်းနေထိုင်ရတယ်မရှိ ။
ဒါကို စီးပွားပြိုင်ဘက်တွေတင် မက
အမှောင်လောက,ကသူတွေပါ ဒေး အကြောင်း
ကောင်းကောင်းသိတာမို့ ဒေးဆိုအားလုံးက
ဖင်တုန်အောင်ကြောက်သည် ။

Villain(ဗီလိန္) (Completed)Where stories live. Discover now