Part.5🖤(U+Z)

6K 384 13
                                    

Unicode

" ကလေးကို နောက်မအော်ပါနဲ့ ဒေါက်တာ,
သူက ငယ်သေးတယ်လေ...နောက်ပြီး..."

" ပြီးပြီ...ပြန်လို့ရပြီ"

" ဟင်!"

ဇေ့ဘက်က လွှတ်ခနဲ ထွက်လာသည့် စကားကြောင့်
ဗီလိန် အကြပ်ရိုက်သွားရပြန်သည် ။

အပြင်ဘက်ကနေ ဒေါက်တာ ရုံးခန်းထဲဝင်သည်အထိ
ဘာစကားတစ်ခွန်းမှ မဆိုသည့်အပြင် ချုပ်ရိုးဖြည်နေတဲ့
အချိန်ခဏလေးအတွင်းတောင် ဘာစကားမှ ပြောခွင့်မပေးပါ။
ခုလည်း ပြန်လို့ရပြီတဲ့လေ တကယ်နားလည်ရခက်တဲ့လူ ။

" လုပ်ပြီ...ဘာလို့အတင်း ပြန်လွှတ်နေတာလဲဗျာ!
ဟို...ကလေးကကော ဘယ်ရောက်သွားလဲ "

" သူနဲ့ မပတ်သက်နဲ့! "

" ဟင်...ဘာကိုလဲ"

" ငါ့သားနဲ့ ဝေးဝေးနေပါ ။
ဖြစ်နိုင်ရင် ပတ်ကို မပတ်သက်ပါနဲ့!
သူက သိပ်အစွဲကြီးလို့ "

" ဘာဆိုင်လဲ...အစွဲကြီးတာနဲ့ ပတ်သက်တာ
ဘာများဆိုင်သွားလို့လဲ ဒေါက်တာ
သူက ကလေးလေ "

"ကလေးမိုလို့ ငါကပြောနေရတာ ဗီလိန်
သူဒီနေ့ မင်းအပေါ်ဆက်ဆံတဲ့ အပြုအမူက
သိပ်ကို ထူးဆန်းတယ် ။နောက်ပြီး ဒီကလေးက
သူစိမ်းတွေကို ခင်တွယ်တတ်တဲ့သူမဟုတ်ဘူး ။ "

" ကျွန်တော်တော့ ဒေါက်တာကို
တကယ်လိုက်ကိုမမှီတော့ဘူး ။
လူတစ်ယောက်ကို ခင်လိုက်တာနဲ့ ဒီကလေးက ထူးဆန်းတဲ့
ကလေးဖြစ်ရောလား ။ဒေါက်တာ စဉ်းစားကြည့်ပါ
သူလည်း လူထဲကလူပဲလေ ခင်တွယ်တတ်တာတော့
ဒါသဘာဝပဲ,ဒါကိုတော့ ဒေါက်တာနားလည်ကြည့်ပေါ့"

" ဟင့်အင်...ငါဘာမှ နားမလည်ချင်ဘူး ဗီလိန်,
သွားပါ ပြန်လိုက်ပါတော့...ငါ့မှာ ဒီထက်ပိုပြီး
ပြောစရာ စကားတွေမရှိတော့ဘူး ။
မင်းကို ငါခင်မင်တဲ့အတွက် ဒီထက်ပိုပြီး စကားတွေ
လွန်လွန်ကြူးကြူးမပြောချင်ဘူး "

" ကောင်းပါပြီ...ဒါပေမဲ့ ဒေါက်တာသိထားပေးပါ၊
ကျွန်တော်က ဒေါက်တာနဲ့ ခင်မင်တဲ့ သူငယ်ချင်းမဖြစ်ချင်
ဘူးဆိုတာ...ဒီတိုင်း မိတ်ဆွေပဲ ဒီထက်မပိုဘူး ။
သူငယ်ချင်း ဆက်ဆံရေးမျိုးတော့ ကိုယ့်ကို မဆက်ဆံပါနဲ့ ။
သွားခွင့်ပြုပါဦး "

Villain(ဗီလိန္) (Completed)Onde histórias criam vida. Descubra agora