Unicode
" ချစ်လိုက်တာ..."
" ဟမ်!"
ပြုံးရယ်နေတဲ့ မျက်နှာပြင်လေးက ရုတ်ချည်းဆိုသလို
ရပ်တန့်သွားကာ ရင်ခွင်တစ်ခွင်ကို အနှစ်နှစ်အလလ
ပြုလုပ်ထားတဲ့ မြားတစ်စင်းနှင့် ပစ်ခွင်လိုက်သလို ။
ကျောက်ကမ်းပါးစပ်နားက အောက်ကိုလှစ်ခနဲ ပြုတ်ကျသွား
သလို ။ အမည်ဖော်လို့မရတဲ့ ခံစားချက်က ရင်တစ်ခုလုံး လစ်ဟာ သလိုဖြစ်သွားကာ မျက်ဝန်းအိမ်ထဲက
မျက်ရည်တွေ ၀ဲတက်လာသည်ထိ ။
' ဘာတဲ့ ချစ်လိုက်တာတဲ့ လေ...'
~~~~~~~~~~~~~~~~~~~~~
အမှောင်အတိကျရောက်နေတဲ့ ဟင်းလင်းပြင်ထဲ
ထွန်းဖောက်ကာ အလင်းရောင်ကို ပေးစွမ်းနေတဲ့
လရောင်ဖြာဖြာဟာ သောကတွေများနေတဲ့
မာယာတစ်သိန်းလေးရဲ့ မျက်လွှာပေါ် ဖြာကျနေ၏ ။
ရှည်လျားကော့စင်းနေတဲ့ မျက်တောင်ရှည်အောက်
မာယာများတဲ့ ပယင်းရောင် မျက်ဝန်းလေးက အရောင်တွေ
တဖျတ်ဖျတ် ။ ထို့အတူ ရှက်သွေးဖြာနေတဲ့ မျက်ဝန်းတွေကြား
တစ်ခုခုကို ဖွင့်ဟ၀န်ခံချင်တာမျိုးဖြင့် မလုံမလဲဖြစ်နေတဲ့
မာယာတစ်သိန်းလေးအား ဗီလိန် စောင်းငဲ့ကြည့်လိုက်မိသည် ။
ဘာတွေ အတွေးလွန်နေပြန်တာ ပါလိမ့် ။
" ချုပ်ထိန်းထာပါသေးတယ်...ဒါပေမဲ့ မရဘူး။
ဦးယံက သိပ်ပြုစားလွန်းတယ် "
" ငါ ငါက..."
" ဦးယံ သိလား...ချစ်တယ်ဆိုတဲ့ စကားကို ချုပ်ထိန်း
ထားဖို့ သိပ်ကို ခက်ခဲနက်နဲလွန်းတယ်ဆိုတာ ။
မကြိုက်မှန်းသိလို့ ဖွင့်မပြောပဲ ရေငုံနှုတ်ပိတ်ပြီး
နေကြည့်ဖို့ ကြိုးစားကြည့်ပါသေးတယ် ။ ဒါပေမဲ့
မရဘူးဖြစ်နေပြန်တယ် ။ နားလည်ပေးပါလို့ အတင်း
မတောင်းဆိုချင်ပေမဲ့ ဒီတစ်ခုလေးတော့ နားလည်ပေးပါ
ဦးယံ ။ ကိုယ်က ဦးယံနဲ့ပတ်သက်ရင်
အတ္တနဲနဲကြီးတယ်ဗျ..."
လမင်းကြီးကိုငေးကာ ရယ်ကျဲကျဲဖြင့် ပြောနေပေမယ့် ထိုစကားတွေမှာ လှိုက်သံပါ၏ ။
တချို့နာကျင်မှုတွေကို စကားလုံးတွေနဲ့
ဖုံးကွယ်လို့မရသလို နှုတ်ခမ်းပါးထက်က အပြုံးတွေနဲ့လည်း
ဖုံးကွယ်လို့ မရပါဘူး ဆိုတာကို သူကောင်းကောင်း
နားလည်၏ ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တတရားဆိုတာ
ဘာပါလိမ့် ။ ချစ်တယ်ဆိုတဲ့စကားလုံးတွေကို ထပ်ခါတလဲလဲ
ပြောနေမှလား ၊ ဒါမှမဟုတ် သူပျော်နေတာလေးကိုပဲ
ငေးကြည့်နေရုံပဲလား ။ မပြည့်စုံလိုက်ပုံများ ငေးကြည့်နေရုံနဲ့
ရောင့်ရဲတင့်တိမ်နိုင်ဖို့ဆိုတာက သူ့အတွက်အမှန်တကယ် ခက်ခဲလှ၏ ။ ပိုင်ဆိုင်ချင်မိတာ ငေးကြည့်ရုံနဲ့ ရောင့်ရဲဖို့
မဖြစ်နိုင်ဘူးဆိုတာ သိစေချင်တာ ဒီလောက်ပါပဲ
ခင်ဗျားရယ် ။
YOU ARE READING
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
