Part.34🖤(U+Z)

5.2K 267 47
                                        

Unicode

" ချစ်သာလွင်လေးကလည်း မငိုပါနဲ့ ၊
ချစ် နောက်တစ်ခါ ဒီကိုအလည်လာခဲ့ပါ့မယ် နော် မငိုနဲ့"

" ဟင့် အီး ဟီး...သာလွင်က ချစ်ကို အများကြီး
လွမ်းနေတော့မှာပဲ နောက်တစ်ခါကြရင် ကြာကြီးနေနော်
နေတိုင်း ပုံပြောပြမယ် ဟင့် "

" ဟုတ်ပြီ...ဟုတ်ပြီ ချစ် နောက်ခါလာရင်
ကြာကြီးနေပမယ် ချစ်သာလွင်လေးက ချစ်တွက်
ကလေးသေးသေးလေး ရှာပေး ဟုတ်ပြီလား ဟီး "

ချစ်ရဲ့စကားကြောင့် ငိုနေတဲ့ ခွန်းမြတ်သာလွင်
မျက်နှာ ရဲခနဲ ဖြစ်သွား၏ ။
အပေါ်က အုပ်မိုးကြည့်နေသည့် ကြည်လင်ထွန်းတောက်
မျက်နှာကတော့ ဘီလူးသံပုရာသီး စားထားသလို
မချိုမချဉ်နှင့် မျက်နှာထားနှင့်ပင် ။

" နောက်ပြီး တောက်တောက် ၊ ချစ်ဆိုးခဲ့တာ
မိုက်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်နော် ၊
ချစ်က တောက်တောက်တို့ကို ချစ်လို့ဆိုးတာပါ ။
ဟို...ချစ်သာလွင်လေးကိုလည်း သေချာဂရုစိုက်
နောက်ချစ်ပြန်လာရင် ချစ်အတွက် ကလေးသေးသေးလေး
လက်ဆောင်ပေးရမယ်နော် တောက်တောက် "

" အေးပါကွာ မင်းကလည်း ၊ မင်းလို ချစ်ဖို့ကောင်းတဲ့
သေးသေးလေး ရစေရမယ် ဟုတ်ပြီလား "

"ချစ်လို ချစ်ဖို့ကောင်းစရာမလိုဘူး...ချစ်သေးသေးလေး
ကတော့ အများကြီးချစ်ဖို့ကောင်းနေမှဖြစ်မှာဗျ "

" အေးပါ...မင်းဟာကလည်း ရှုပ်နေတာပဲ "

သူ့ခေါင်းသူ လက်ဖြင့်ထိုးဖွကာ စိတ်ရှုပ်သလိုဟန်
ဖြစ်သွားသည့် တောက်တောက်အား ချစ်မ၀လေး နှင့်
သာလွင် ကြည့်ကာ တခစ်ခစ် ရယ်မောနေကြသည် ။

ဒီနေ့ဟာ လုပ်အားပေးရက်ကုန်ဆုံးသွားပြီဖြစ်တာမို့
အားလုံး မြို့သို့ပြန်တက်ကြရန် စီစဉ်နေကြသည် ။
မနက်အစောကြီးထကာ တောင်ပေါ်က ဆင်းလာခဲ့ကြသည်မို့
၈နာရီခွဲလောက် တောင်အောက် ပြန်ရောက်ကြ၏ ။
ရောက်ရောက်ချင်း လိုအပ်သည်များကို သေချာထုတ်ပိုးကာ
အစီအစဉ်တကျထားပြီး ရွာထဲသို့ အားလုံး လျှောက်ပတ်ကာ
ကြည့်ခဲ့ကြသည် ။ စိမ်းလန်းစိုပြေနေသည့် တောတောင်တွေဖြင့်
ဝိုင်းဝိုင်းလည်ကာ တည်ရှိနေသည့် ထိုဆယ်ပင်ရွာလေးဟာ
ထင်ထားတာထက်ပိုမို၍ အေးချမ်းနေတာပင် ။
အချိန်ခဏကြာသည်ထိ လျှောက်လည်ကြကာ ပြန်လာကြသည့်
အဆုံး အထုတ်အပိုးများကို သေချာ အောက်သို့ချကာ
စုပုံထားလိုက်ကြသည် ။ ထော်လာဂျီ လာမည့်အချိန်ကို
စောင့်ရင်း ခဏ နားနေသူကနား ရပ်ရွာထဲရှိရင်းနှီးသူများအား
လိုက်နှုတ်ဆက်သူက နှုတ်ဆက်ဖြင့် အားလုံးက သူ့အလုပ်နှင်သူပင် ။ သူ့အလုပ်နှင့်သူ ဖြစ်နေသည့်ထဲက
အလုပ်ပိုအရှုပ်ဆုံးသူကတော့ ချစ်မ၀ ဖြစ်မယ်ထင်၏ ။

Villain(ဗီလိန္) (Completed)Where stories live. Discover now