Unicode
နွေရာသီ ဖြစ်သောငြား မိုအငွေ့အသက် အနည်းငယ်
ရောစွက်နေတဲ့ ပြင်ဦးလွင်ရဲ့ နံနက်ခင်းကတော့
သိပ်ကို စိမ်းလန်းစိုပြေလွန်းတယ် ။ နံနက် (၇) နာရီ
အချိန်ဖြစ်၍ နေရောင်ခြည်သဲ့သဲ့ကလည်း နှင်းစက်
နှင်းပေါက်လေးများကို မတိုးဝှေ့နိုင်၍ ကောင်းစွာ
အလင်းရောင် မတွေ့သေး ။ ဗီလိန် အိပ်ယာက ထလိုက်ပြီး
အခန်းပတ်လည်က လိုက်ကာစတွေကို ဆွဲဖွင့်ကာ မှန်တံခါးလေးအား တွန်းဖွင့်လိုက်ပြီး ၀ရံတာဘက်သို့ ထွက်လာလိုက်သည် ။ ဖွင့်ဖွင့်ချင်း နှားခေါင်းထဲသို့
တိုးဝှေ့လာတဲ့ လေပြည်နုလေးက ခြံပတ်လည်မှာ အလှ
စိုက်ပျိုးထားတဲ့ နှင်းဆီရနံလေးများအား ဆွဲခေါ်လာသယောင် ။
ဗီလိန် လက်နှစ်ဖက်ကို လွှဲကာ လွှဲကာ မြှောက်လိုက်ရင်း
လတ်ဆတ်တဲ့ လေပြည်နုလေးကို ရှိုက်၍ရှူလိုက်သည် ။
" ဟူး...စိတ်ကို လန်းဆန်းသွားတာပဲ ။ "
ရုတ်တရက် မျက်လုံးထဲသို့ ၀င်ရောက်လာတဲ့ အဝါရောင်
နှင်းဆီ ပွင့်လေးတစ်ပွင့် ။ နှင်းဆီနီတွေကြား တစ်ပွင့်ထဲ
ထူးထူးခြားခြား ပွင့်နေတဲ့ ထိုနှင်းဆီ သိပ်ကို လှပလွန်းတယ် ။
နှင်းဆီနီတွေလို ရဲရင့်တဲ့ ပုံစံမျိုး မဟုတ်သောလည်း
ပျော်ရွှင်မှုတွေ အတိဖုံးလွှမ်းနေတဲ့ အဝါရောင်နှင်းဆီလေး
ကတော့ အားလုံးထဲမှာတော့ ထင်ထင်ရှားရှား ။
နှင်းရည်နှင်းစက်လေးတွေ ပက်ဖျန်းထားပုံပေါ်တဲ့
နှင်းဆီဝါလေးအား ဗီလိန် ငေးကြည့်မိရင်း...
" လွမ်းလိုက်တာ...ခင်ဗျားရယ်"
ချစ်မိတော့လည်း လွမ်းစိတ်လေးက တဖွားဖွား ။
ဒီနေ့ အလုပ်ပိတ်ရက်လေးဖြစ်ပေမယ့်လည်း
အလုပ်ကိစ္စတွေက တသီတသန်းမို့ အိမ်ကနေ
ဘယ်နေရာကိုမှ သူခြေဦးလှည့်လို့မရပါ ။
အလုပ်ကိစ္စဆိုတာထက် ထိုသားဖနှစ်ဦးရဲ့
သိုဝှက်ထားတဲ့ အရေးကြီးကိစ္စတချို့ကို ရတိ ထံမှ
သတင်းထူးတယ်ဆို၍ တိုက်မှာ တွေ့ဖို့ ချိန်းထားလေခြင်း ။
ထိုကလေးအဖေက သိပ်ကိုသိုဝှက်လွန်းတယ် ။
ရည်းစားလည်း မထားဘူးပဲ လုပ်အားပေးနေရာက ပြန်လာ
ကတည်းက ကလေးတစ်ယောက်ပါလာတယ်ဆိုတာ
ရတိ ပြောပြခဲ့လို့ သိခဲ့ပြီးပြီ ။ ဒါပေမဲ့ ဘာလို့ ဒီကလေးကို
ဦးဇေထိုက်ယံက ပစ်မှတ်ထားနေရတာလဲ ။
လိုက်လေဝေးလေ ၊ ဝေးလေပိုသိချင်လေဖြစ်တဲ့
ထိုမိသားစုရဲ့ အရှုပ်တော်ပုံကြား သူဝင်ပါမိနေတာကိုတော့
သူ့ရဲ့ အသည်းအသက်ကလေး မသိစေချင် ။
ဗီလိန် အတွေးတွေ ခဏရပ်ကာ အထဲပြန်ဝင်ဖို့အလုပ်
ရုတ်တရက် မြင်လိုက်သော ခြံထောင့်တစ်နေရာက
ခုန်ဆွခုန်ဆွနဲ့ ပန်းခိုင်အား လမ်းဆွဲခူးနေသော
အကောင်ပေါက် ။
VOCÊ ESTÁ LENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
