Unicode
'ဇေကအမျိုးသားရှိတာတောင် မမိုးကို လျှိုတယ်နော် '
'ဇေက အမျိုးသားရှိတာတောင် မမိုးကို လျှိုတယ်နော် '
ကားမောင်းရင်း ခေါင်းထဲ ထပ်တလဲလဲဝင်လာတဲ့
စာလေးတစ်ကြောင်း ။ ဇေ ခေါင်းကို ခပ်မြန်မြန်ယမ်းလိုက်ရင်း
ကားကို ဂရုတစိုက်မောင်းလိုက်ကာ အတွေးအာရုံတွေကို
အမြန်ပြန်စုစည်းလိုက်ရသည် ။ ဒါပေမဲ့ ထိုစကားကတော့
သူ့အာရုံထဲက ပျောက်မသွားချေ ။ နောက်ပြီး သားကရော
ဘာလို့ သူတောင်မသိတဲ့သူနဲ့ ရင်းနှီးနေရတာလဲ ။
နောက်ပြီး ' ဒက်ဒီ ' ဆိုတဲ့စကား ခုရက်တွေ သားပါးစပ်က
ဒက်ဒီဆိုတဲ့ စကားသံကို တစ်ခါတစ်ခါကြားနေရတတ်သည် ။
ပါးစပ်ထဲတွေ့ရာ လျှောက်ခေါ်နေတယ်လို့ ထင်ရပေမယ့်
ခုဟာက သိပ်ကို ထူးဆန်းနေမှန်း ဇေ နားလည်လိုက်သည် ။
လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ ခုလို ရင်နှီးနေတာမျိုး
သူတကယ် မနှစ်သက်ပါ ။ သူတို့သားအဖကြား
တစ်စုံတစ်ယောက် ၀င်လာတာမျိုး သူတကယ်မလိုချင်ပါ ။
ထို့နောက် ဇေ့ ကားလေးသည် အကွေ့အဝိုက်တွေကို
ကျော်ဖြတ်ကာ ' မေတ္တာနှောင်ဖွဲ့' ဆိုတဲ့ ရပ်ကွက်လေးထဲသို့
ချိုးကွေ့လိုက်သည် ။ ထိုရပ်ကွက်လေးဟာ သိပ်ကို
အေးချမ်းပြီး တိတ်ဆိတ်တဲ့ ရပ်ဝန်းလေးဆိုလည်း
တကယ်မမှားပါဘူး ။ အိမ်တိုင်းစေ့လိုလို
သစ်ပင်ပန်းမာန်များဖြင့်ခမ်းခမ်းနားနားဖြစ်နေ၍
နေရာတိုင်းက တကယ့်ရှုချင်ဖွယ်ရာအတိ ။
ထိုအိမ်တွေ အားလုံးထဲကမှာ သူနှင့်မျက်နှာချင်းဆိုင်တိုက်က
တိုက်နက်ကြီးကတော့ တခြားတိုက်တွေထက် ပို၍ပေါ်လွင်နေတာကိုလည်း မမိုးနှင့် အိမ်လိုက်ကြည့်တဲ့နေ့ကတည်းက
သူသတိထားမိသည် ။ အရာအားလုံးထဲကမှာ ခြံပတ်ပတ်လည်မှာ စိုက်ပျိုးထားတဲ့ နီဆွေးဆွေးနှင်းဆီနီတွေနှင့်
သူကြိုက်နှစ်သက်လှတဲ့ အဝါရောင်နှင်းဆီပွင့်လေးများအား
ထို့ခြံဝန်းထဲတွင် ခပ်ရိပ်ရိပ်မြင်လိုက်ရသေးသည် ။
ထို့နောက်ဇေ သူနေထိုင်ရာခြံရှေ့သို့ရောက်တော့ ခြံတံခါးအား
ရီမုဖြင့် လှမ်းဖွင့် လိုက်ပြီး ကားလေးကို ခြံထဲက ကားဂိုထောင်ထဲသို့ တစ်ခါထဲ သွင်းလိုက်သည် ။
ပြီးမှ အိမ်ထဲတန်းမ၀င်တော့ပဲ DutyCote လေးကို ချွတ်ကာ မမိုးထံသို့ ခြေလှမ်းကြဲကြီး များဖြင့် အမြန်သွားလိုက်ရသည် ။
ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
