Part.28🖤(U+Z)

4K 250 57
                                    

Unicode

" မရောက်သေးဘူးလား ခင်ဗျ"

အချိန်အတန်ကြာအောင် လျှောက်လာသည့်အဆုံး
ဇေ့ဘက်က စိတ်မရှည်စွာမေးလိုက်လေခြင်း ။

ဂေဟာကစထွက်လာပြီဆိုကတည်းက တောလမ်းတစ်လျှောက်
နေအိမ်ပင်မပြောနဲ့ ဘာအရိပ်အရောင်မှ သူမမြင်ရပါ ။
တွေ့လို့တွေ့ငြား ဘေးဘီဝဲယာသို့ ဝေ့၀ဲကြည့်မိတော့လည်း
တောနက်ထဲသို့ပင်တဖြည်းဖြည်းရောက်လာသလိုလို
ဇေ့စိတ်ထဲ လေးလံနေမိ၏ ။ အချိန်ကလည်း နေစောင်းနေပြီမို့
လျှောက်လှမ်းနေတဲ့ တစ်လျှောက် နေရာတိုင်းလိုလို
အနည်းငယ် မှောင်ရီပျိုးစပြုနေသည် ။

ထို့နောက် ဇေ စိတ်မရှည်စွာဖြင့် ရှေ့ကသွားနေသူရဲ့အနားသို့
အမြန်လျှောက်သွားလိုက်ကာ...

" ဒီမှာ ကျွန်တော်မေးနေတယ်လေ!"

ရှေ့ကလူရဲ့ လက်မောင်းအား ဇေ စောင့်ဆွဲလိုက်မိ၏ ။

တုံ့ပြန်မှုမရှိပေမယ့် ထိုလူရဲ့အကြည့်စူးစူးကြောင့်
ဇေ ခြေလှမ်းတွေအား နောက်ဆုတ်ချလိုက်၏ ။
ထို့နောက်ဇေ အနည်းငယ် စိုးရိမ်မိလာသည် ။

" ခ...ခ ဗျားကို ကျွန်တော်မေးနေတယ်လေ ။
နောက်ပြီး ကျွန်တော်ကို ဘယ်ခေါ်လာတာလဲ "

နေရာအား ဝေ့၀ိုက်ကြည့်ကာ ဇေစကားဆိုလိုက်တော့
ကြားလိုက်ရတဲ့ ခြေသံများ ။

" ခင်ဗျာကို ကျွန်တော်မေးနေတယ်လေ! "

" ဒေါက်တာလေးက သိပ်စကားများတာပဲ "

" ဟားးးးး ဟားးးးးး"

လူ ၄ ၊ ၅ ၊ ၆ယောက်နှင့်အတူ နောက်ဘက်မှ ထွက်ပေါ်လာသည့် လူများ ။

ဇေ စိုးထိတ်လာ၏ ။

" အဟက်!
မကြောက်ပါနဲ့ ကျုပ်က ဒေါက်တာကိုထိခိုက်အောင်
လုပ်မယ့်သူမဟုတ်ပါဘူး..."

" မင်းဘယ်သူလဲ!
နောက်ပြီး သူ သူတို့ကလည်း ဘယ် ဘယ်သူတွေလဲ "

ဇေ့ရဲ့ ပြာပြာသလဲ စကားတွေကြောင့် မင်းလွင် ခပ်ဟဟ
ရယ်လိုက်ကာ ဇေ့အနားသို့ တိုးကပ်သွားလိုက်သည် ။

ပြီးနောက် ဇေ့လက်ထဲက ဆေးသေတ္တာအား
ဆွဲယူလိုက်ကာ ခပ်ညစ်ညစ်အပြုံးဖြင့်...

Villain(ဗီလိန္) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ