Part.11🖤(U+Z)

5.3K 314 32
                                    

Unicode

ကျုံးပတ်လမ်းတစ်လျှောက် ဖြတ်တိုက်လာတဲ့ လေပြည်နုအေးအေးလေးက ကဓံ စိတ်ကိုလန်းဆန်း
မလိုနဲ့ ခြောက်ကပ်မှုအတိ ဖုံးလွှမ်းနေသည် ။
ကဓံ ၏ဘယ်ဘက် ကျုံးရေပြင်ထက်မှာတရိပ်ရိပ်
ပေါ်နေသော နန်းမြို့ရိုး နှင့် ညာဘက်ဘေးတစ်ဖက်မှ
တရိပ်ရိပ်မောင်းနှင်သွားကြသော ကား ၊ ဆိုင်ကယ်များ၏ အသံများ ။ ကဓံစိတ်ထဲ ဘယ်အရာမှ မတိကျပါ။ထို့နောက်
အတွေးအာရုံထဲ ၀င်ရောက်ကူးခတ်ကစားနေတဲ့ သူ ။
စိတ်ထဲမရှင်းမလင်းဖြစ်နေတဲ့ ထိုလူ့ရဲ့ပုံစံ ။
အားလုံးဟာ ရောထွေးနေတယ် ။ စွယ်တော်ပင်အောက်မှာ
ထိုလူဆိုတဲ့ သီချင်းလေးရဲ့ အဓိပ္ပါယ်ဟာလည်း
ကိုယ့်အပေါ် အနည်းငယ် တိမ်းစောင်းနေသယောင် ။
နားလည်ဖို့ ကြိုးစားကြည့်တိုင်း နားလည်ဖို့ပိုခက်လာတယ် ။
မေ့ပစ်လိုက်ဖို့ ကြိုးစားတိုင်းလည်း မေ့ပစ်ဖို့ခက်တဲ့အပြင်
ပိုတိုးလို့ သတိရလာပြန်တယ် ။

ကိုယ့်စိတ်နဲ့ကိုယ်လည်း လုံးဝမညီညွတ်တော့ဘူးဆိုတာ ခံစားလာမိတဲ့အခိုက်အတန့်က သိပ်ကိုပင်ပန်းလွန်းတယ် ခင်ဗျားရယ်...။ ဘာလို့များ ဘာလို့များ ပြန်ပေါ်လာခဲ့တာလဲ ။
ဝေးလျက်နဲ့ ဝေးမြဲဝေးနေပါလား ။

ကဓံ သက်ပြင်းရှည်ကြီးတစ်ချက် ဆွဲချလိုက်ကာ ကျုံးဘေးက
ခုံတန်းလေးမှာ ၀င်ထိုင်လိုက်ရင်း ကျုံးရေပြင်ကို
ငေးမောကြည့်လိုက်သည် ။ ထို့နောက် အတွေးတစ်ခု
၀င်လာကာ စို့တက်လာသောခံစားချက်နှင့်အတူ
ဟက်ခနဲ ရယ်ချလိုက်ရင်း...

" ဟက်...အချစ်က ကင်ဆာလိုပဲ
ဘ၀ထဲ အသိမပေးပဲဝင်လာတယ် ။
အင်း...ကိုယ်တကယ် သိလိုက်ရတဲ့ အချိန်ကြတော့လည်း
အရာအားလုံးက ဖမ်းဆုပ်ခွင့်မရှိတော့လောက်အောင်
တစ်စစီ ပျက်စီးကုန်တယ် ။ မျှတပါတယ် ။
အရမ်း အရမ်းကို မျှတလွန်းကြပါတယ် ဟား ဟား ဟား "

ပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာလုပ်နေတဲ့
လူတိုင်းကိုလည်း ခုချိန် သူဂရူမစိုက်နိုင်ပါ ။
ကဓံ စိတ်ထဲ မသိမသာတိုးလျှိုးဝင်ရောက်လာတဲ့
ခံစားချက်လေးတစ်ခုက ' ထို ဝေးကွာခြင်းလေးကို
နင့်နေအောင် ချစ်ရပါတယ်'တဲ့လေ ။
ဘယ်လောက်တောင် ရယ်စရာကောင်းလွန်းလိုက်တဲ့
ဟာသဆန်တဲ့ စကားလေးလဲ ။ ရူးရပါတယ်
မူးရပါတယ် ရူးရူးမူးမူး ချစ်ရပါတယ်လို့ နှုတ်ကတသီသီ
ရွတ်ဆိုပြခဲ့စဉ်က အဲ့မျက်ဝန်းပြာလေးက ကိုယ့်အား
မျက်လုံးလေးတွေ မှိတ်ကြသွားသည်ထိ ပြုံးပြလာတယ် ။
ကိုယ်ဘယ်တုန်းကမှ မတောင်းခဲ့တဲ့ ' ဘယ်တော့မှ
မထားခဲ့ပါဘူး'ဆိုတဲ့ ကတိစကားတွေကို ထပ်တလဲလဲ
သူပေးသွားခဲ့တယ် ။ ထားခဲ့ပြန်တော့လဲ သူပဲ ။
နာကျင်မှုတွေ ရစ်သီးနေတာလည်း သူပဲ ။
ခံစားခဲ့ရတာ ကိုယ်လားသူလား မကွဲပြားအောင်ထိ
သိပ်ကို ဟန်ဆောင်နိုင်တဲ့သူ ။ တကယ်ပါ...အဲ့လူက
ကျွန်တော်ဘ၀မှာတော့ သိပ်ကို ဟန်ဆောင်မှုတွေများပြီး
မုန်းစရာကောင်းတဲ့သူ ။

Villain(ဗီလိန္) (Completed)Onde histórias criam vida. Descubra agora