Part.31🖤(U+Z)

3.9K 256 25
                                    

Unicode

" အစ်ကို..."

တိတ်ဆိတ်နေသည့် အိပ်ခန်းလေးထက်ဝယ် တိုးညှင်းစွာ
ထွက်ပေါ်လာသည့် စကားသံ ။

လွှမ်းတစ်ယောက် အသံရှိရာ စီသို့
လှမ်းမျှော်ကြည့်လိုက်သည် ။ ထို့နောက် တံခါးဝနားမှာ
ရပ်ကာကြည့်နေသည့် ကဓံ့အား မြင်လိုက်ရ၍
ထိုင်နေရာမှထကာ ကဓံ့စီသို့ ဦးတည်
လျှောက်သွားလိုက်သည် ။

" အင်းပြောလေ ညီ "

" အစ်ကိုဇေ အိပ်ပျော်သွားပြီလား "

လွှမ်း သက်ပြင်းဖွဖွချလိုက်ကာ ခေါင်းညိတ်ပြလိုက်၏ ။

ထို့နောက်ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်
ဇေ့အား လှမ်းမျှော် ကြည့်လိုက်ကာ...

" ဇေသာ ဒီလိုပုံစံမျိုးအတိုင်း ဆက်သွားနေရင်
သူ့ကျန်းမာရေးအတွက် စိုးရိမ်ရတယ်ညီ ၊ အစ်ကို သူ့ကို
စိတ်ပူတယ်သိလား ၊ သူက သနားစရာကောင်းတဲ့
ကောင်းလေးတစ်ယောက်ပါ...ခုသူ့အပေါ်ကို ရိုက်တဲ့ ကံကြမ္မာရဲ့ရိုက်ချက်က သိပ်ပြင်းထန်လွန်းတယ် ၊
နောက်ပြီးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရောပဲ "

လှိုက်သံပါပါဖြင့် ပြောလာသည့် လွှမ်းစကားတွေအား
ကဓံ တိတ်တဆိတ်လေး နားထောင်နေမိ၏ ။

ဇေဆိုသည့် ဒေး မြတ်မြတ်နိုးနိုး ချစ်ရတဲ့ အမျိုးသားဟာ
သူနှင့်တအား ခင်မင်ရင်းနှီးတဲ့ လူမဟုတ်သော်လည်း
ဒီရက်ပိုင်းခြားက အဖြစ်အပျက်တွေဟာ အားလုံး
မျက်မြင်ကိုယ်တွေ့ပင်မလား ။

ဇေဆ်ိုတဲ့လူဟာ ဒေးထက် မပိုရင်တောင် ဒေးထက်
မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဒေးအပေါ်
မြတ်မြတ်နိုးနိုး ချစ်သည်ဆိုတာကိုလည်း
သူကောင်းကောင်း မြင်ခဲ့ ရပြီးပြီ ။

သို့ပေမဲ့ ကံကြမ္မာက သိပ်မျက်နှာလိုက်လွန်းတယ် ။
တကယ်အချစ်စစ်အချစ်မှန်နဲ့ ချစ်တဲ့သူတိုင်းကို
တစ်ခုမဟုတ်တစ်ခု ဒုက္ခပေးတတ်သည် ။
နာကျင်ခိုင်းစေသည် ။ ပူဆွေးခိုင်းစေသည် ။
စမ်းသပ်ချက်တွေ သိပ်ပေးလွန်းသည် ။

ချစ်ခြင်းမေတ္တာတရားဟာ ဆန်းကြယ်ပါလားလို့
မေးစရာပင်မလိုလောက်အောင်ထိ အချစ်ဟာ
ဆန်းကြယ်ခက်ခဲလွန်းသည် ။
အဓိပ္ပါယ် ဖွင့်ဆိုရန် ခဲယဉ်းလွန်းသည် ။

Villain(ဗီလိန္) (Completed)Où les histoires vivent. Découvrez maintenant