Part.6🖤(U+Z)

7.3K 380 23
                                        

( Unicode )

" ညီ..."

" ဖယ်!!!
တောက်စ်!"

လွှမ်း ထွက်သွားသူရဲ့ ကျောပြင်ကို ငေးကြည့်ကာ
ကျုံးဘေးက ခုံတန်းလေးမှာ ၀င်ထိုင်လိုက်သည် ။
ထို့နောက် သူ့ဘောင်းဘီအိတ်ကပ်ထဲက Phလေးကိုထုတ်ကာ
လက်ကလေးဖြင့် တောက်လိုက်တော့ မျက်လုံးလေးတွေ
မှိတ်သည်ထိ သွားတန်းလေးတွေပေါ်သည်ထိ နှစ်ခြိုက်စွာ
ပြုံးပြနေတဲ့ ကောင်လေး ။ ph ပေါ်သို့ ပေါက်ခနဲ
ခုန်ဆင်းလာတဲ့ မျက်ရည်စက်လေးတွေနှင့်အတူ
လွန်ခဲ့သည့် ၅နှစ်လောက်က အဖြစ်အပျက်တွေက
သူ့အာရုံထဲ အရှိန်ပြင်းစွာ ၀င်ရောက်လာသည် ။

လွန်ခဲ့သော ၅ နှစ်ခန့်က>>>

" လွှမ်းသုခဘုံ မင်း အမေရိက ကိုပညာသင်သွားရမယ် "

" ကျွန်တော် မသွားချင်ဘူး အမေ!
နောက်ပြီး..."

" ဟက်!
ဘာလဲ နင့်ရဲ့သွေးမတော်သားမစပ်တဲ့ ဟိုမျိုးမစစ်ကောင်ကို
နင်က မခွဲနိုင်ဖြစ်နေတာလား ဟမ်!"

" ညီ့ကို အဲ့လိုမပြောပါနဲ့ အမေ,
သူကလည်း ဖေဖေ့ သားပဲလေ ။
အမေခုလို ပြောနေတာ ဖေဖေသာသိရင်..."

" တော်စမ်း...သုခဘုံ!!!
နင့်ကို ငါမွေးထားတာနော်
အေး...နင်ဘယ်ခြေလှမ်း လှမ်းနေတယ်
ဆိုတာကအစ ငါမသိဘူးများမှတ်နေတာလား ဟမ်!
ခုချက်ချင်း ရပ်တန်းကရပ်လိုက်!
ဒီထက်ပိုပြီး လွန်လွန်မားမား မဖြစ်ချင်ရင်ပေါ့ ။ "

" အမေ့!!!"

" တော်!!!
နင်က သူ့ကို ညီအစ်ကိုလို ဆက်ဆံနေပေမယ့်
အဲ့ဂြိုလ်ကောင်က နင့်ကို အဲ့လို သဘောရိုးနဲ့
ဆက်ဆံတယ်များ နင်ထင်နေသလားဟမ်!
အကြည့်တွေ အဲ့အကြည့်တွေ သိပ်ကို ရွံစရာကောင်းတဲ့
အကြည့်တွေ နင့်ကို အဲ့ကောင်ကြည့်တဲ့ အကြည့်တွေက
နဲနဲလေးမှကို မရိုးသားဘူး ။ အို...ဘာပဲဖြစ်ဖြစ်
ငါပြောသလို နင်အမေရိကကို သွားကိုသွားရမယ် "

" ကျွန်တော်  ကျွန်တော် သူ့ကိုချစ်တယ် အမေ ,
ညီအစ်ကိုလိုမဟုတ်ဘူး လက်တွဲဖော်တစ်ယောက်အနေနဲ့
ကျွန်တော်သူ့ကိုချစ်တာ "

ဖြန်း!!!

တိမ်ဝင်သွားတဲ့ စကားသံအဆုံး ပါးပြင်းထက်သို့ကျရောက်လာတဲ့ လက်ဖဝါးကြောင့်
မျက်ရည်စက်တချို့က ပါးပြင်ထက်သို့ ပေါက်ခနဲ ။

Villain(ဗီလိန္) (Completed)Место, где живут истории. Откройте их для себя