Unicode
" တွေ့ကြပြန်ပြီ ဒေး..."
မန္တလေးက mall အတွင်း လိုအပ်တဲ့ ပစ္စည်းတွေနှင့်
ဈေးနှုန်းတွေအား မန်နေဂျာ ဖြစ်သူက အသေးစိတ်ကအစ
သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောပြနေသည်ကို
ဂရုတစိုက် နားထောင်နေရင်း နောက်ဘက်မှ ခေါ်လိုက်သံ
ကြောင့် ဗီလိန် နောက်သို့ လှည့်ကြည့်ကာ..." အို...အန်ကယ်ပါလား!
တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ ၊
ဒါနဲ့ အလည်ပဲလား..."" လိုအပ်တာလေးလည်းရှိလို့...နောက်ပြီး ဒေးရဲ့ ကုန်တိုက်က
ပစ္စည်းစုံတယ်ဆိုလို့ အန်ကယ်ဝင်ခဲ့လိုက်တာ "" အာ...မဟုတ်တာ ၊ လိုအပ်တာတွေရှိရင်
ကျွန်တော်ကိုပြောပါ ။ ဘာမှ အားမနာနဲ့ အန်ကယ် "" ကဲ...ဒါဆိုရင်လည်း အန်ကယ်အားမနာတော့ဘူးကွာ၊
အန်ကယ်ကို ကလေးအသုံးအဆောင် ဆော့စရာပစ္စည်း
တွေရှိတဲ့နေရာ လိုက်ပို့ပေးပါလား ။ သိတဲ့အတိုင်း
အန်ကယ်က ကလေးပစ္စည်းတွေကြ
သိပ်မကြည့်တတ်ဘူး ။ "" ရပါတယ်ဗျ...လာပါအန်ကယ် အဲ့တာတွေက
ဒုတိယထပ်မှာ ပိုဆုံတယ် ။ ဒါနဲ့ ကလေးက
ဘယ်နှနှစ်လည်း...အန်ကယ့် မြေးလေးဖို့လား "" အင်း...ကလေးကတော့ ၄နှစ်လောက်ရှိမယ်ထင်တယ်။
အန်ကယ် သားရဲ့ သားလေးပါ ။ ခုက မြေးလေးက
ပျောက်နေတယ်လေ ။ အန်ကယ်တို့ မကြာခင်တွေ့တော့မှာ "သူပြောပြတဲ့ စကားတွေအား ဂရုတစိုက်နားထောင်နေတဲ့
ဗီလိန်အား ဦးခွန်းခိုင်အပြုံးမမည်တဲ့ အပြုံးလေးတစ်ပွင့်
ဖန်တီးလိုက်ရင်း..." အန်ကယ်ပြောတာ နားရှုပ်သွားပြီးလား ဒေး "
" အင်း...မရှုပ်ဘူးလို့ ပြောရင် ကျွန်တော်
လိမ်ရာ ကျသွားမှာပေါ့အန်ကယ် ၊ ဒါက အန်ကယ်တို့
မိသားစုအတွင်းရေးဆိုတော့ ကျွန်တော် မမေးလိုပါဘူးဗျာ "ဗီလိန်က ခပ်ရှုပ်ရှုပ်လေး ပြန်ပြောတော့ ဦးခွန်းခိုင်တစ်ယောက်
ခပ်ဟဟလေး ရယ်လိုက်ကာ ဗီလိန် ပုခုံးအား ပုတ်လိုက်ပြီး" မင်းက လူငယ်ဆိုပေမယ့် တချို့လူတွေထက် အသိဉာဏ်
ပိုရှိတယ် ။ အဲ့စိတ်ဓာတ်ကိုတော့ အန်ကယ် တကယ်
သဘောကျတယ် ဒေး...ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ။
မင်းထင်သလို အန်ကယ်တို့မိသားစုကိစ္စက သိပ်ရှုပ်ထွေးတယ် ။
အန်ကယ် သားဆို ခုချိန် ရှိလောက်ရင် မင်းထက် ၃နှစ်လောက်ပဲကြီးမယ်ထင်တယ် ။
ခုတော့ သူမရှိတော့ဘူးလေ "
![](https://img.wattpad.com/cover/313372415-288-k990169.jpg)
ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿