Extra_1 ( U + Z )

2.8K 127 5
                                    

Unicode

" ပါးပါးကလည်း...ချစ်ကတိပေးတယ် ။
နောက် ပါးပါးမသိပဲ ဘယ်မှမသွားတော့ဘူးနော် "

" မင်းက မင်းဒယ်ဒီနဲ့တကြောထဲ!
အပြစ်တစ်ခု ကျူးလွန်တိုင်း ငါ့ကို ကတိပေးဖို့ပဲ
ငါ့ခံစားချက်ကြ နည်းနည်းမှကို အရေးမလုပ်ကြတာ "

ဒေါသမီးသည် ဦးတည်ချက်ပြောင်းသည်ထင်ပါရဲ့ ။
ဘာစကားမှ ၀င်မပြောပဲ ငြိမ်နေသည့် ဗီ့ထံ
မြှားဦးက လှည့်လာခဲ့ပြီ ။ ဗီလိန် ထိုအခန်းထဲကသာ
ထ ထွက်ပြေးချင်စိတ်တွေ ပေါက်လာ၏ ။
ဒေါက်တာဇေတို့ ရစ်မိသွားရင် လိုက်ကိုမမှီတော့ဘူးဆိုတာ
သူ ကောင်းကောင်းသိတာပေါ့ ။

တကယ်ဆို ချစ် Pilok ဘက်ခိုးထွက်သွားတဲ့
ကိစ္စကို သူ ဦးယံကို မညာခဲ့သင့် ။ ခုတော့...

အင်း ဖြစ်သမျှအကြောင်းခေါင်းတည်ပြီးရှင်းရမှာက
သူ့ကိစ္စဖြစ်သွားချေပြီ ။ နောက်များ ဘယ်ကိစ္စမှ
ဗီတို့ ဖုံးကွယ်မထားတော့ပါ ။ ခုတစ်ခါနဲ့တင်
တော်တော်ကို လုံလောက်ပါပြီ ။ နောက်များ ဦးယံမကြိုက်တာ
ရှောင်ဖို့ရာ သူ့မှာသာ တာဝန်ရှိ၏ ။

" မောင်ရှင်းပြပါ့မယ် ဦးယံရယ် ။
သားက ၁၆ပြည့်ပြီးပြီလေ ။
ကိုယ်တို့က နေရာတိုင်း ချုပ်ချယ်ဖို့မှ မသင့်တာ ။
သူလည်း ဆုံးဖြတ်နိုင်စွမ်းရှိနေပြီလေ "

" ဟုတ်ပါတယ် ပါးပါးရယ် ၊ ချစ်က ၁၆ပြည့်ပြီးပြီလေ
ချစ်ဆုံးဖြတ်နိုင်ပါပြီ "

ဗီ့ရဲ့စကားကို သံယောင်လိုက်ကာ
ထောက်ခံလာသည့် သားဖြစ်သူချစ်မ၀အား
ဇေ မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ရင်း_

" ထွက်သွားကြ!!
အရာရာကို ပေါ့ပျက်ပျက်သဘောထားနေကြတာ ။
စေတနာကို စေတနာမှန်းမသိ သွားကြ
ငါ့အခန်းထဲ မလာကြနဲ့..."

" ဦးယံ မောင်ကလေ "

" သွားကြလို့..."

ဇေက ဒေါသထွက်စွာ အော်လိုက်တော့
နှစ်ယောက်သား ငြိမ်ကုတ်သွားကာ ဗီက_

" အင်းပါ အင်းပါ မောင်သွားပါ့မယ်နော် ။
ဟိုကောင်...လာ သွားမယ် "

" အား!!
နာတယ် ဒယ်ဒီရဲ့ "

ဗီ သည် ဆက်ခွန်ရဲ့ နားရွက်အား ဆွဲကာ
အခန်းအပြင်သို့ ထွက်လိုက်၏ ။
မဟုတ်လျှင် ဦးယံရဲ့ ဒေါသလှိုင်းသည်
သူ့အပေါ်သို့ မည်သို့မည်ပုံ
လှိုင်းထန်နေအုံးမည်ကမသိ ။
ခုတောင် နားထင်ကြောတွေ တင်းကားနေပြီ ။
တကယ် ဘယ်လိုချော့လို့ချော့ရမှန်းကို မသိတော့ဘူး ။

Villain(ဗီလိန္) (Completed)Donde viven las historias. Descúbrelo ahora