Part.27🖤(U+Z)

4.1K 234 83
                                    

Unicode

တောင်ပေါ်ဒေသဆိုသော်ငြား အဆင်းအတက်
အကွေ့အကောက်က များသည်မို့ တက်ရသည်မှာ
အနည်းငယ် ပင်ပန်းကြ၏ ။ လှေကားထစ်နဲ့ တက်ရသည့်
နေရာတချို့ရှိသလို ၊ မညီမညာတဲ့ အဖုအမောက်တွေပေါ်က
ဂရုတစိုက် တက်ရတာမျိုးလည်းရှိခဲ့သည်  ။
အားလုံးလည်း ပင်ပန်းနေကြပြီ ဆိုသော်ငြား အချိန်မလင့်ခင်
ဦးတည်ရာနေရာသို့ ရောက်ရှိမှဖြစ်မှာ ဖြစ်သည့်အတွက်
နားသည့်အချိန်များကို လျှော့ကာခြေလှမ်းများကို
အမြန်အသောနှင်ပြီး လျှောက်လှမ်းလာကြ၏ ။

ထို့နောက် ဇေသည် သူကိုင်ဆွဲထားတဲ့ ဆေးအိတ်အား
သစ်ပင်ခြေရင်းနားသို့ အသာအယာချလိုက်ရင်း
နားဖို့ပြင်လိုက်သည် ။

" ကိုလွှမ်း!
ကျွန်တော် ဒီမှာ ခဏနားနေခဲ့မယ် ၊
အစ်ကိုတို့ သွားနှင့်နော် "

" ဟုတ်ပြီ...ဒါဆို အစ်ကိုတို့အရင် သွားနှင့်တော့မယ် ၊
သေချာဂရုစိုက်လာနော်.."

စိတ်ပူသလိုဟန်ဖြင့်ပြောလာသော လွှမ်းစကားအား
ဇေ အသိအမှတ်ပြုဟန်ဖြင့်ခေါင်ညိတ်လိုက်၏ ။

" ကျွတ်စ်!အရေးရယ်အကြောင်းရယ်ဆိုမှ
ဖိနပ်ကဘာဖြစ်ရပြန်လဲ မသိ ၊ တကယ်စိတ်လေတယ် "

ကြိုပြေနေသော တောင်တက်ဖိနပ်လေးအား
ခန္တာကိုယ်ကုန်းကိုင်းကာ ပြန်ချည်ဖို့အလုပ်...

" ဘာဖြစ်လို့လဲ ဦးယံ..."

ကြိုးချည်ဖို့ ပြင်နေခိုက် ရုတ်တရက် စကားသံကြောင့်
ဇေ မော့ကြည့်လိုက်ရင်း...

" ဒါနဲ့ နေပါအုံး မင်းကဘာလို့နောက်ကျနေတာလဲ ၊
အားလုံးက ရှေ့ရောက်ကုန်ကြပြီ... ဟင်!"

ဇေ ပြောသည့်စကားအား အာရုံမလာသည့် ပုံစံဖြင့်
ရှေ့နားသို့တိုးကာ ဒူးထောက်ထိုင်လိုက်သည့်သူကြောင့်
ဇေ ခပ်ကြောင်ကြောင်ဖြစ်သွား၏ ။

" ကိုယ်ချည်ပေးမယ်..."

" ဟာ...မလုပ် "

အပြောပင်မဆုံးသေး ခြေထောက်ပေါ်သို့
ကျရောက်လာသည့်လက်တစ်စုံ ။

ဒါ ဘယ်လိုအခြေအနေပါလိမ့် ။

ဇေ အားနာသလိုဖြစ်လာ၏ ။

Villain(ဗီလိန္) (Completed)Dove le storie prendono vita. Scoprilo ora