Part.39🖤(U+Z)

3.7K 230 29
                                    

Unicode

" ကျွီး! "

ဒုန်းစိုင်းမောင်းနှင်လာတဲ့ကားက နေရာတစ်နေရာသို့
ထိုးရပ်ချလိုက်၏ ။ ကားပေါ်မှ ခက်ထန်သည့်
မျက်နှာပိုင်ရှင် ဗီလိန်သည် ကားပေါ်ကနေ
အမြန်ဆင်းလိုက်ကာ ဘေးဘီဝဲယာသို့ တစ်ချက်
လှည့်ကြည့်လိုက်သည် ။

" ဘာတွေ ဖြစ်ကုန်တာလဲ..."

ဗီ ခြေလှမ်းတွေ ထင့်သွား၏ ။

ဒါဟာ ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ ပြောစရာပင်
မလိုအောင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြသူတွေက
အရှင်းသားပင်မလား ။

" ဒေး...ဟိုကောင်ရော "

" မသိဘူး..."

ဗီ့ရဲ့ အသံမှာ အနည်းငယ် တုန်ရင်နေသည် ။
ခြေလှမ်းတွေကလည်း ထိုနေရာမှ ဆက်လှမ်းဖို့ပင်မရဲ ။
ရင်တစ်ခုလုံး စို့တက်လာသလိုလို အမည်မသိတဲ့
လှိုက်တက်မှုက သူ့စိတ်ကို အောက်ဆုံးထိ ဆွဲချနေသလိုလို ။
တကယ် ခန့်မှန်းရခက်သည် ။

" အ...ကျွတ်! "

အရှေ့ဘက်တစ်နေရာမှ ညည်းညူသံသဲ့သဲ့ ။

ရတိ အာရုံစိုက်ကာ ထိုနေရာသို့ ခပ်ဖြည်းဖြည်း
တိုးကပ်သွားလိုက်၏ ။

သတိ ၀ီရိယ ရှိသင့်တယ်မလား...

" ဟင်...ကဓံ "

ရတိဘက်က စိုးရိမ်တကြီးဆိုလာသည့်စကားကြောင့်
ဗီသည် ရတိရှိရာနေရာစီသို့ ဦးတည်ကာ
ခြေလှမ်း ကြဲကြဲဖြင့် လျှောက်လာ၏ ။
ထို့အတူ မြင်လိုက်ရသည်က ကားဘေးတွင်
အရုပ်ကြိုးပျက် လဲနေသူနှင့် ကားကိုကျောမှီကာ
ထရန် ကြိုးစားနေသည့်သူ ။

" ကဓံ့!
ဘယ်လို..."

" ကလေးက ဟိုလူတွေနောက် ပါသွားတယ် ဒေး "

ဗီ့ဘက်က စကားပင်မဆုံးသေး ကဓံ့ဘက်က
ထွက်ကျလာသည့် အဆုံးအစမရှိသည့်စကား ။

" ဘာ!
ဘယ် ဘယ်သူ့နောက်လဲ..."

ကဓံ့ရဲ့ ပုခုံးကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး
မေးလာသည့် ဗီ့ရဲ့အသံမှာ အနည်းငယ်
ဒေါသသံစွက်သည် ။
မျက်နှာဟာလည်း သိသိသာသာတင်းမာလာကာ
နားထင်ကြောတွေပင် တင်းကားနေသည်ထိ ။
ကဓံ ခပ်ကြောင်ကြောင်သာ ငေးကြည့်နေမိ၏ ။

Villain(ဗီလိန္) (Completed)Onde histórias criam vida. Descubra agora