Unicode
"ဗီ!"
~~~~~~~~~~~~~
" ချစ်ပြီးပြီလား..."
" ဟုတ် ဒက်ဒီ ချစ်ပြီးပြီ ။
ဟီး...ခုမှနေသာထိုင်သာ ရှိသွားတော့တယ် "
သွားတန်းလေးတွေပေါ်အောင်ထိ ပြုံးရယ်နေတဲ့
မီးတောင်ငယ်လေးအနားသို့ ဗီလိန်သွားလိုက်ကာ
ဘောင်းဘီဇစ်ကလေးကို အပေါ်သို့ ဆွဲတင်ပေးလိုက်သည် ။
ထို့နောက်...
"ကဲ...ဒါဆို ဒက်ဒီတို့ ခန်းမထဲ ပြန်သွားကြရအောင်နော် "
" ဟုတ်..."
ဗီလိန်သည် ချစ်မလေးရဲ့ လက်ဖုဝါပုပုသေးသေးလေးတွေအား
တယုတယ ဆုပ်ကိုင်လိုက်ရင်း toliet ထဲကထွက်လာခဲ့သည်။
အပြင်သို့ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ အသံကြောင့်
ခြေလှမ်းတွေအား တုံ့ခနဲ ရပ်ချလိုက်သည် ။
' ဒီအသံ...'
သူ့ရင်ထဲက တရင်းတနှီးဖြစ်နေတဲ့ ထိုအသံ ။
ဗီလိန့်မျက်နှာသည် ကွက်ခနဲ ပျက်သွား၏ ။
" ဒက်ဒီ..."
လက်ကိုဆွဲကာ လှုပ်ခါလိုက်တဲ့ မီးတောင်ငယ်လေးကြောင့်
ဗီလိန် သတိပြန်ကပ်ကာ ချစ်မ၀လေးအား ငုံ့ကြည့်လိုက်သည်။
" ဟင်! "
" ဘာဖြစ်လို့လဲ ဒက်ဒီ နေကောင်းဘူးလား ။ "
မျက်နှာငယ်လေးဖြင့် မေးလာသော ချစ်မ၀လေးစကား
ကြောင့် ပါးခြိုက်နက်လေးတွေပေါ်သည်ထိ ဗီလိန်
ပြုံးလိုက်မိသည် ။ တစ်ဆက်တည်း ဒူထောက်ချလိုက်ကာ
ချစ်မ၀လေးရဲ့ ပါးဖောင်းဖောင်းလေးတွေအား သူ့လက်ဖြင့်
တယုတယ ကိုင်လိုက်ရင်း...
" ဒက်ဒီ ဘာမှမဖြစ်ပါဘူးဗျာ...အလုပ်ကိစ္စတွေကို
အာရုံနဲနဲရောက်သွားတော့..."
" ကြည့်...ချစ်ကလေ ညာတာမကြိုက်ဘူးသိလား ။
ဒါပေမဲ့ ဒက်ဒီရယ် ပင်ပန်းစရာတွေဆို အရမ်းတွေးရဘူးလေ ။
ချစ်ကိုပဲကြည့် ပါးပါးလူပျိုလုပ်ချင်နေတာကို တိရက်နဲ့
မတိတလိုလေးနေပေးနေရတယ်...ဒက်ဒီပဲစဉ်းစားကြည့်
ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲဆိုတာ၊ ဒါပေမဲ့
ချစ်က အရမ်းမတွေးတော့ ရမ်းကြီး ပင်ပန်းတော့ဘူးလေ ။
အဲတော့ ဒက်ဒီလည်း ရမ်းကြီးမတွေးနဲ့နော်... "
ВЫ ЧИТАЕТЕ
Villain(ဗီလိန္) (Completed)
Любовные романы" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
