Part.29🖤(U+Z)

3.7K 235 76
                                    

Unicode

" ဗီလိန်! "

" ခွေးမသား!!!"

" ဗီ! "

တံခါးဖွင့်လာတဲ့ မင်းလွင်ရဲ့ရင်ဘတ်အား ဗီ ခြေထောက်ဖြင့်
စောင့်ကန်လိုက်၏ ။ ပြီးနောက် ကျောင်းဆောင်အတွင်းသို့
၀င်လိုက်ကာ တိုင်မှာ ချည်ထားတဲ့ သူ့အနာဂတ်လေးကို
တစ်ချက်ကြည့်လိုက်တော့ စို့တက်လာတဲ့ ဒေါသလှိုင်း ။

"တောက်စ်!
မင်းကများ...ရာရာစစ ! "

ခွပ်!....ခွပ်!....ခွပ်!

ကြမ်းပြင်ပေါ်လဲနေသည့် မင်းလွင်ရဲ့ အင်္ကျီစအား
ဗီ စောင့်ဆွဲလိုက်ရင်း မျက်နှာအား လက်သီးဖြင့်
ဆင့်ကာထိုးလိုက်၏ ။ ထို့နောက် မင်းလွင်ရဲ့ ဆံပင်အား
ဆုပ်ကိုင်ဆွဲလိုက်ကာ.....

" ဟမ်...ပြောစမ်း!
မင်းထိသင့်တဲ့လူလားဟမ်!
ငါတောင် လက်ဖြားနဲ့ မထိဝံ့တာ မင်းက
လက်ဖဝါးတောင် တင်လိုက်တယ်ပေါ့ ဟုတ်လား! "

" အဟက်!
လက်ဖဝါးတောင်မဟုတ်ဘူး ငါက သူ့တစ်ကိုယ်လုံးကို
ထိချင်တယ်ဆိုရင်ရော...ဟား ဟား ဟား "

မင်းလွင်၏ ခပ်ရွဲ့ရွဲ့ စကားကြောင့် ဗီ ဆုပ်ကိုင်ထားတဲ့
မင်းလွင်ရဲ့ ဆံပင်အား လွှတ်ပေးလိုက်ကာ ခါးမှာညှပ်ထားတဲ့
သေနတ်အား ဆွဲထုတ်လိုက်ပြီး မင်းလွင်အား
ပစ်ဖို့ရွယ်လိုက်သည် ။

" ခွေးမသား!!!"

ဒိုင်း!  ဒိုင်း!

သေနတ်ပစ်သံကြောင့် ဗီ ခန္တာကိုယ်ကို ၀ပ်လိုက်၏ ။

အပြင်ဘက်မှ ရောက်လာသည့် လူတစ်ချို့ကြောင့်
ကျောင်းဆောင်အတွင်း ခဏ ရုတ်ရုတ်သဲသဲ
ဖြစ်သွားပြန်သည် ။ ထို့နောက် ဗီသည် ထိုနေရာမှာ အမြန်ရှောင်လိုက်ကာဇေ့ အနားသို့အမြန်သွားလိုက်ပြီး ကြိုးအားဖြည်ပေးလိုက်သည် ။တစ်ဆက်တည်း သွေးစသွေးန တစ်ချို့ဖြင့် ရှိနေသော ဇေ့ရဲ့ မျက်နှာတစ်ဝိုက်အား သူ၏ လက်ဖဝါးကြီးကြီးဖြင့် မရဲတရဲ ထိကြည့်လိုက်ကာ...

" ဘယ်နားထိခိုက်သွားသေးလဲ ဦးယံ ၊
တောင်းပန်ပါတယ်...ကိုယ့်ကြောင့် ကိုယ့်ကြောင့်
ကိုယ်မကောင်းခဲ့လို့..."

" ဘာ ဘာမှမဖြစ်ဘူး ၊ ဟို ဟိုအကောင်ကို
သေအောင် သတ်ပေး!
သူ သူငါ့ပါးကို ရိုက်တာ...သေလောက်အာင် နာကျင်နေခဲ့တာ ၊
ငါ ငါ့လက်တွေရောပဲ သိလား ၊ သူများတွေလို ငါက
မခွင့်လွတ်တတ်ဘူး ဗီ..."

Villain(ဗီလိန္) (Completed)Tempat cerita menjadi hidup. Temukan sekarang