Unicode
ကလေးတစ်ယောက်ရဲ့လက်ကိုဆွဲကာ ပွဲခန်းမထဲ ၀င်လာတဲ့
အမျိုးသားတစ်ယောက်ရဲ့ အရှိန်အဝါမှာ ထင်းခနဲ ။
ကြည့်ရုံနှင့် အေးစက်တည်ကြည်နေတဲ့ ထိုအမျိုးသားရဲ့
မျက်လွှာထက်မှာ အပြုံးမမည်တဲ့ အပြုံးလေးတစ်ပွင့်က
ခပ်ယေးယေးပေါ်လွင်နေသည် ။ အများအမြင်မှာတော့
ထိုလူရဲ့ ချေမိုးနေတဲ့ မျက်နှာထားက လက်ဖြားခါ
ရလောက်တဲ့ အထိပင် အေးစက်တင်းမာနေသည် ။ သူတို့သတိမထားမိသည်ကထိုအမျိုးသားရဲ့
ဘေးက အကောင်ပေါက်လေးမျက်နှာထားကိုပင် ။
အပေါ်က လူနှင့်မခြား တင်းမာနေတဲ့
ထိုကလေးရဲ့ မျက်နှာ အရိပ်အကဲဟာလည်း တင်းမာမာ ။" ဟဲ့...ဟိုမှာကြည့်စမ်း "
မျက်စပစ်ကာ ပြောလာတဲ့ အမျိုးသမီးရဲ့ စကားကို
တစ်ဖက်အမျိုးသမီးက သဘောပေါက်ဟန်ဖြင့်
လှည့်ကြည့်ကာ..." Ohh!
Soo Cute!"" Single Father များလား...တို့တော့ သူ့အကြောင်း
စုံးစမ်းမှ ဖြစ်တော့မယ် ။ "" ဟဲ့...အဲတာက DLT ရဲ့ CEO ဒေး ဆိုတဲ့လူလေ
အရမ်းချေတာနော်...နောက်ပြီး သူကလူပျိုပါ
အဲ့ကလေးက ဘယ်ကပါလိမ့်..."" I တော့ You တို့ပြောတာ ဂရုမစိုက်ပါ ။
ဒီပွဲလာရတာ သိပ်ကို ထိုက်တန်တာပဲ...အဆင်တွေအများကြီးလေ ။"" တို့လည်း အဲ့တာတော့ ထောက်ခံတယ်ဟေ့ "
တစ်ဖက်ဝိုင်းအတွင်းမှ အမျိုးသမီးများရဲ့ တီတီတွတ်တွတ်စကားသံတွေအား
ဗီလိန်မကြားသလို လျစ်လျူရှုလိုက်၏ ။မမြင်ဖူးသလို အထူးအဆန်းပုံစံများဖြင့် သူတို့အား ဝေ့၀ိုက်
ကြည့်နေသူများအား ဗီလိန် ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း နှုတ်က
တိတ်တဆိတ် ရေရွတ်မိသည်မှာ..." စိတ်ပျက်စရာတွေ..."
ထို့နောက် ဗီလိန်သည် မီးတောင်ငယ်လေးရဲ့ လက်ဖဝါး
သေးသေးလေးတွေအား ဆုပ်ကိုင်လိုက်ရင်း
ခင်ကျင်းထားတဲ့ ကောဇောနီထက်ဝယ် ခန့်ညားထည်ဝါစွာ
လျှောက်လှမ်းနေခဲ့ရင်း သူငယ်ချင်းဖြစ်သူအား
ဝေ့ဝိုက်ရှာလိုက်မိ၏ ။ဒီကောင်တွေ ဘယ်တွေများ ရောက်နေပါလိမ့် ။
" ဗိုက်ဆာနေပြီလား ချစ်.."
![](https://img.wattpad.com/cover/313372415-288-k990169.jpg)
YOU ARE READING
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿