Unicode
KIA Sportage ကားလေးသည် ပြင်ဦးလွင်
တောင်တက်လမ်းတစ်လျှောက် ကွေ့ကာဝိုက်ကာ
ပြေးလွှားနေသည် ။ မတ်စောက်လိုက် ပြေပြစ်လိုက်နဲ့မို့
အကွေ့အကောက်လမ်းတွေကို ဇေ သတိထားပြီး
မောင်းနှင်နေရသည် ။ တောင်တန်းစိမ်းစိမ်းကြီးတွေ
ကျောက်နံရံတွေ ၊ ချောက်ကမ်းပါး
တွေကို တရွေ့ရွေ့ဖြတ်ကျော်ကာ ပြေပြစ်သည်ဟု
ထင်ရသည့်နေရာလေးတွင် ဇေ ကားကို လမ်းဘေး
ထိုးရပ်လိုက်မိသည် ။ဒီနေရာလေး ဒုဠ၀တီမြစ်ချောင်းကို
ရှင်းရှင်းလင်းမြင်နေရတဲ့နေရာလေး ၊
ဇေ ထိုနေရာလေးကို သိပ်သဘောကျသည် ။
စိတ်အဆင်မပြေဖြစ်တဲ့အခါ စိတ်ထွက်ပေါက်မရှိလောက်အောင်
မွန်းကြပ်နေတဲ့အခါမျိုးမှာ သူ့အတွက်စိတ်ထွက်ပေါက် နေရာလေးဟု ယူစထားတဲ့ ဒီနေရာလေးက ဇေ့အတွက်
အေးချမ်းဖွယ်ရာအတိ ။ ထို့နောက်...ဇေ ကားပေါ်က ဆင်းလိုက်ကာ ကားရှေ့သို့သွားလိုက်ပြီး
အသင့်ဆောင်ထားတဲ့ cigarette တစ်လိပ်ကို
မီးညှိုလိုက်ကာ တရှိုက်မတ်မတ် ရှူသွင်းလိုက်သည် ။
တဖန် ခေါင်းလေးကို မော့လိုက်ပြီး ထိုအခိုးအငွေ့လေးတွေအား
အပြင်သို့ မှုတ်ထုတ်လိုက်သည်။" အဟက်!...ခုမှ ဘ၀က အဓိပ္ပါယ် ပိုရှိသွားသလိုပဲ "
ဇေ နှုတ်ခမ်းလေးကို အပေါ်သို့တွန့်ကွေးသွားရုံမျှ
တွန့်ကွေးလိုက်ပြီး ခပ်မဲ့မဲ့လေးပြုံးလိုက်ကာ ကားရှေ့
ခပ်လှမ်းလှမ်းသို့ လျှောက်သွားလိုက်သည် ။
ထို့နောက် အနောက်ဘက်က ဝူးခနဲ အရှိန်ပြင်းပြင်း
မောင်းသွားတဲ့ ဆိုင်ကယ်သံက ဇေ့ အာရုံထဲ ဖျတ်ခနဲ ။'ဒါက ဘာသဘောလဲ ။ ဒီလောက်အရှိန်ပြင်းပြင်း
မောင်းတာက အန္တာယ်ရှိတယ်ဆိုတာ မသိကြဘူးလား ။
တကယ် စိတ်ပျက်ဖို့ကောင်းတဲ့ လူတွေ'ဟုသာ
ဇေ့နှုတ်က တိုးတိတ်ရေရွတ်နေမိလိုက်သည် ။ထိုအခါ ရုတ်တရက် တုန်ခါလာသော ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကြောင့် ဇေ cigarette ကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ
ခြေထောက်နဲ့ ဖိနင်းလိုက်သည် ။ တစ်ဆက်တည်း
ဖုန်းကိုထုတ်ကိုင်လိုက်ကာ..." Hollo...ဖေဖေ ဘာကိစ္စများရှိလို့လဲ "
" ငါက ကိစ္စရှိမှ မင်းကို Phဆက်ရမှာလား!"

ŞİMDİ OKUDUĞUN
Villain(ဗီလိန္) (Completed)
Romantizm" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿