Part.36🖤(U+Z)

3.8K 236 19
                                    

Unicode

စိတ်ပျက်အားလျော့စွာနဲ့ လွှမ်း ကုတင်ပေါ်သို့
၀င်လှဲလိုက်ကာ ဘေးစောင်းအနေအထားဖြင့်
ခန္တာကိုယ်အား ကွေးနေအောင် ကျုံ့လိုက်သည် ။
အထိန်းကွပ်မဲ့စွာ စီးကျလာသည့် မျက်ရည်စတွေအား
လက်ခုံဖြင့် ဖိသုပ်လိုက်ရင်း ရုတ်တရက် ခါးပေါ်သို့ ကျရောက်လာသည့် နွေးထွေးသည့် လက်တစ်စုံ...

" ဟင်! "

" ဘယ်လောက်ထိတောင် နာကျင်ခဲ့ရလဲ သိလား "

" ဟင့်... ညီ "

လွှမ်းသည် ကဓံ့ဘက်သို့ အမြန်လှည့်လိုက်ကာ
ကဓံ့ရင်ခွင်ထဲသို့တိုးဝင်လိုက်ပြီး ရှိုက်ကာ ငိုကြွေးနေမိ၏ ။

လွှမ်းနေခဲ့တာ သေလောက်အောင် သူလွမ်းနေခဲ့တာပါ ။
ဝေးပါစေဆိုသည့်စိတ်ဖြင့် တစ်ခါလေးများတောင်
သူမတွေးဝံ့ခဲ့တာပါ ။ သူ့ပါးစပ်က အထိန်းကွပ်မဲ့စွာ
ထွက်ကျသွားတဲ့ စကားအသွားအလာက ညီ့အား
သူ့အနားက သူကိုယ်တိုင်တွန်းထုတ်မိသွားတဲ့
အခြေအနေပင်မလား ။ မကောင်းခဲ့တာပါ ။
သူကိုယ်တိုင်ကကို ညီ့အား အမြဲတမ်းနာကျင်စေခဲ့တာ ။

" ဟင့် တောင်း တောင်းပန်ပါတယ် ။ ဒီလိုပဲ စ စသလို
ပြောခဲ့မိတာပါ ။ မရည်ရွယ်ခဲ့ပါဘူး ငါ ငါတကယ်
မရည်ရွယ်ခဲ့ပါဘူး ။ ဟို ဟို ခွင့်လွတ်ဖို့ထိတောင်
ငါ ငါက မထိုက်တန်မှန်းသိပါတယ် ညီရယ် ။
ခု ခုလိုမျိုးကြီး ငါ့ ငါ့ကို ပစ်မထားပါနဲ့နော်
တကယ် ရူးလောက်တယ် "

ကလေများလို ချွဲနွဲ့နေတာမျိုး မဟုတ်ပဲ သူမြတ်နိုးတဲ့
အရာလေးကို နောက်တစ်ခါ ဆွဲလုသွားမှာဆိုးသည့်အလား
တောင်းပန်စကားဆိုနေသည့်သူအား ကဓံ့ နူးညံ့စွာ
ပြန်လည်ထွေးပွေ့ထားလိုက်မိ၏ ။

စတာကို စမှန်းမသိ ရှော့ရသွားခဲ့သည့် ကိုယ်ကမှ
တကယ်မှားခဲ့တာပါ ။ စတယ်ဆိုတဲ့ စကားနဲ့တင်
ကိုယ့်ဘက်က ရပ်လိုက်သင့်တာမလား ။ ခုတော့
ကိုယ့်ကြောင့် အစ်ကို ငိုရပြန်ပြီ ။နောက်ပြီး နှစ်ရက်လုံးလုံးလည်း ပစ်ထားခဲ့မိပြန်တယ် ။
နဂိုကတည်းက စိတ်အခြေအနေ မငြိမ်သည့်ကိုယ်က
အစ်ကိုနဲ့ ပတ်သက်ရင် ဘယ်လောက်ထိ
စိတ်ကထိန်းချုပ်ရခက်ပြီး တစ်ခါတစ်လေ
အသေးအမွှားလေးတွေက အစ ပေါက်ကွဲလွယ်တတ်သည့်
ပုံစံကိုလည်း သူမုန်းလှပါသည် ။ အတိတ်က အပိုင်းအစ
တွေက ပျောက်ဖို့ လက်တစ်လှမ်းအလိုမှာပဲကို
ထိန်းချုပ်ရခက်သည့် စိတ်တွေကတော့ ပြတ်ရှရာတွေနှင့်
ပြည့်နှက်နေသည်ပင် ။ ရုန်းထွက်လေး ပိုနစ်လေ
အနီးနားမှာရှိပြီး ဝေးကွာနေသလို ခံစားချက်တွေ ။
တကယ်ပါ အစ်ကိုဆိုတဲ့လူသားနဲ့ ပတ်သက်ရင်
သူ့စိတ်က ထင်ထားတာထက် ပိုရှုပ်ထွေးတယ် ။

Villain(ဗီလိန္) (Completed)Where stories live. Discover now